Professional Authors

ရေလိုလူ

အန်ကျလာတဲ့ မာနတစ်ချို့
သူဘာဆိုဘာမှ မပြောခင်က
ဘာလို့များချိုးနှိမ်ခဲ့သလဲလေ
ဒီရင်တွေကွဲမထွက်ဖြစ်ခဲ့ရင်
ဒီချုံကို ငါထပ်တွင်မိဦးမှာပဲ

လမ်းလျှောက်ချင်လဲလျှောက်
မလျှောက်ချင်လဲ လေးဖက်ထောက်သွားလိုက်မယ်
ဘဝပေးပြီး လက်မြှောက်ရမှာထက်စာရင်တော့
ခပ်တည်တည်နဲ့ပဲ ခွေးဖြစ်ခံလိုက်မှာပေါ့

စကားလုံးတွေ ကြမ်းတယ်
စကားလုံးတွေ ရမ်းတယ်
ဒါပေမဲ့
ညှီစော်နံနေတဲ့ သိုးရေခြုံတွေထက်စာရင်တော့
ငါက မသိမသာပိုမွှေးတယ်

မတိုက်ခိုက်ကြပါနဲ့
မစော်ကားကြပါနဲ့
ငါက ယုန်ဖြူမဟုတ်ခဲ့တဲ့အတွက်
အိပ်နေတဲ့ နဂါးတစ်ကောင်ပဲဖြစ်တယ်

ဂူဝမှာ စာကပ်ထားတယ်
“သတိစာဖတ်ပြီးမှဝင်ပါ”
အထွက်ကျမှပဲ ဖတ်တော့မယ်တဲ့
လူတစ်ချို့က ညည်းတွားတယ်

ကြိုက်တစ်ချက် မကြိုက်တစ်ချက်စာတစ်ချို့
ကောင်းတစ်ချက် မကောင်းတစ်ချက် စိတ်ဝေဒနာ
မြည်တစ်ချက် မမြည်တစ်ချက်ဂစ်တာအိုတစ်လက်
ထိုအရာများသည် ရောင်မရှိ အဆင်းမရှိ အနံ့မရှိ
ငါသည်လည်း ရေလိုလူသာဖြစ်၏။

ကြက်ခြေခတ်X
10:21pm
25 july 2013

In: ကဗျာ Posted By: Date: Aug 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment