Professional Authors

အချစ်စိတ်

နင့်ကို ချစ်မိလို့ ပြာကျသွားအောင် လောင်ကျွမ်းစေမယ်ဆိုရင်တောင်
ကောင်းကင်ပေါ်ထိ နင့်နာမည်တက်ရေးမယ်

နင့်ကိုချစ်မိလို့ ကိုယ် နှုတ် နှလုံး သုံးပါးစလုံး ချုပ်ငြိမ်းမယ်ဆိုရင်တောင်
ငါ့ကိုယ်ငါ ဂုဏ်ပြုဖို့ ငါကိုယ်တိုင်ပန်းတွေကြဲမယ်

နင့်ကိုချစ်မိလို့ ငါဟာ အရူးတစ်ယောက်ဖြစ်သွားမယ်ဆိုရင်တောင်
နင်တစ်ယောက်ထဲပဲ ရှိမဲ့ ကမ္ဘာတစ်ခု လို့ငါသတ်မှတ်လိုက်မယ်

အဆိုးဝါးဆုံးထိဟာ
နင့်ကိုငါ ချစ်မိလို့ နင်ငါ့ကို မုန်းတယ်ဆိုရင်တောင်
ငါ့နှလုံးသားတစ်ခုလုံးကို နင့်အတွက် ယဇ်ပူဇော်ပစ်လိုက်မယ်

ကြက်ခြေခတ်X
10 8 13 sat
11:35am

In: ကဗျာ Posted By: Date: Aug 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment