Professional Authors

ကျေ ပါ စေ တော့ .. ။

ငါက နင့်အတွက်
ကြယ်တစ်စင်း တဲ့လား ကိုကို ..
ဒါဆို .. နင့်လက်နဲ့ ပွင့်ဖူး ..
နင် ခူးမှ မြူးရမယ့် ခပ် မှိန်မှိန် ကြယ်ပဲ ဖြစ်လိမ့်မယ် .. ။

နင် ခေါ်ရင် ပျော် …
နင် မခေါ်ရင် မျှော် တတ်တဲ့ ငါ ရယ်ပါ ..
လွမ်းတယ် ပြောတဲ့ ခဏ …
ငြိမ်သက် ဆွံ့အ သွားတတ်တာ ..
ငါ ဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲ … ။

ကိုကို မအားလို့ပါ … ကိုကို ပင်ပန်းနေတာ ..
ကိုယ့်ကိုယ်ကို လိမ်ညာချော့မော့ရလွန်းလို့ …
ကိုကိုရေ … ငါ ဖတ်ဖူးခဲ့သလို ..
အမှန်တရားဆိုတာ အမှားတစ်ရံပဲ ဖြစ်နေခဲ့ပေါ့ … ။

ဆရာမ ဂျူး ပြောသလိုပဲ ..
ငါလဲ အိပ်မက်တွေထဲမှာ ပျော်ရလွန်းတော့
လက်တွေ့ရဲ့ အမှန်တရားကို ကြောက်တယ် ကိုကို …
တကယ်တမ်းဆို အိပ်နေရင်းက မနိုးချင်တတ်တော့တာ ကြာခဲ့ပြီ .. ။

လိပ်ပြာတွေ .. လိပ်ပြာတွေ ..
တစ်ကောင် နှစ်ကောင် .. သုံး လေး ငါးကောင်
နင့်နားမှာ ၀ဲနေတယ် ကိုကို …
ငါ မုန်းတယ်လို့ ပြောရင် နင် နားလည်ပေးပါ … ။

ပိုချစ်ရတဲ့သူ ကိုယ်ပဲ ဖြစ်ပါစေ လို့လဲ .. ငါ
မဟစ်အော်ရဲဘူး ကိုကို …
တကယ်တမ်း ယှဉ်ကြကြေးဆို …
ပိုချစ်တဲ့လူက ‘ကို’ ပဲ ဖြစ်စေလိုခဲ့တာ .. ။

အမရာ၊ ကိန္ဒရီ၊ မဒီ၊ သမ္ဗူလ
တော်လေးဝ ၀င် မိန်းမသားလဲ ငါ မဟုတ်ဘူး ကိုကို …
ဒါပေမယ့် .. နင်နဲ့ပတ်သတ်ရင် ..
သဘောထား ကြီးလွန်းသူ ငါပဲ ဖြစ်ချင်ရဲ့ … ။

တကယ်တမ်းကျ …
ဟန်ဆောင်ပျော်တာတွေလဲ မောလှပြီ ကိုကို …
ချောင်တစ်ချောင်မှာ မျက်နှာဝှက် ..
ငါ မရှက်တမ်း ခပ်သည်းသည်း ငိုချင်နေရဲ့ … ။

ဘ၀အဆက်ဆက်က မှားခဲ့တာ ရှိရင်လဲ တောင်းပန်ပါတယ် ကိုကို ..
ဝဋ် ဆိုတာ လည်တတ်တဲ့သဘောမို့ဆိုလဲ
ဒီဘ၀ ဒီမျှနဲ့သာ ကျေပါရစေတော့ …
ငါ ပင်ပန်းလှပြီ  … ။

In: ကဗျာ Posted By: Date: Aug 13, 2013
Comment #1

လိပ်ပြာတွေ .. လိပ်ပြာတွေ ..
တစ်ကောင် နှစ်ကောင် .. သုံး လေး ငါးကောင်
နင့်နားမှာ ၀ဲနေတယ် ကိုကို …
ငါ မုန်းတယ်လို့ ပြောရင် နင် နားလည်ပေးပါ … ။

ပိုချစ်ရတဲ့သူ ကိုယ်ပဲ ဖြစ်ပါစေ လို့လဲ .. ငါ
မဟစ်အော်ရဲဘူး ကိုကို …
တကယ်တမ်း ယှဉ်ကြကြေးဆို …
ပိုချစ်တဲ့လူက ‘ကို’ ပဲ ဖြစ်စေလိုခဲ့တာ .. ။

commentinfo By: ဖူးမေ at Aug 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment