Professional Authors

ခင်ဗျားနဲ့ မကြာခဏ ပြောဖြစ်ချင်တယ် ဒီအကြောင်း

တစ်ရောင်တည်း ရှိတဲ့ တစ်ရိပ်ကိုမှ တမ်းတ ပျစ်နှစ်မိသည့်တိုင်

စပြည်တည်ရာ ကွက်ကွက်လေးမှ တစ်ပြင်လုံးသို့ စလှိုက်စား

ကြည့်မှ သိလိုက်

တစ်ယောက်က တစ်ယောက်ကို အမြဲပျောက်ဆုံး

ရယ်လိုက်မိတယ်………. တလွဲပဲ………..တစ်ယောက်ယောက်ကိုမှ မမြင်ဘဲနဲ့

မျက်စိ ဖွင့်ခြင်းရဲ့ အမှောင်

မျက်စိ မှိတ်ခြင်းရဲ့ အလင်း

ကားထွက်တော့မယ်… ပြန်ဆင်း…. ပွင့်ပွင့်လင်းလင်းလမ်းပျောက်………….

တကယ်လို့သာ အဲ့လို မဖြစ်ပဲ အဲ့လို ဖြစ်ခဲ့လည်း အဲ့လိုပဲ ဖြစ်မှာပါ

တတိပြီး တတိ တွန်းတိုက်

ဒီလို မနေနဲ့ ဒီလိုနေ ရုပ်ပုံ နှစ်မျိုးလေးထဲ ကျွန်မ အသံကို ထည့်ရယ်………..

မယုံကြည်ခဲ့ရင် ခုလို ယုံကြည်မှာ မဟုတ်ဘူး

တည်းတည်းလေးပဲ

မျှင်မျှင်လေးပဲ

အနာကင်းမဲ့ နုံးချိချိနဲ့ နာကျင်တယ်က ဘာလဲ……………

အ၀ီစိပဲ တာဝန်ကျေတယ် ကျွန်မတို့ဆီ ပိုနီးကပ်လာ

လူသူတူအောင် Illusion များ

လူကြားသူကြား Genocide လုပ်ပြ

ပြူးကြောင် ရိုးအ မျက်ဝန်းထဲက ပြည်ထွက်လာမယ်…………..

စနိုးဝှိုက် ပုံပြင်ထဲမှာ ၀င်ပုန်းငိုတဲ့ စနိုးဝှိုက်……..

အမှောင်ထက် အနက်က ပိုပြတ်သားလာတာ

ကျွန်မ ရှင်နေတုန်း ရှင်လာမေးမလား

 ပျော်သလား…………မှာ……….. ပျော်လား…………..

လုံခြုံမှုလို့ မတွေးမိခင်က သိပ်လုံခြုံခဲ့တယ် မဟုတ်လား။        

                                                             ပန်ပါယ်

In: ကဗျာ Posted By: Date: Aug 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment