Professional Authors

ချစ်သူ အလွမ်း

ချစ်သူ
နင့် ကိုသတိတရ တမ်းတခြင်းတွေက
ငါအိပ်စက်ခြင်းတွေကို တိတ်တဆိတ်ယူဆောင်သွားကြတယ်
ညစဉ်ညတိုင်း အိပ်စက်လို့ မနိုင်ခဲ့ ဘူးချစ်သူ
နင့် ကိုတမ်းတမ်းတတ လွမ်းနေခဲ့ ရလို့ ပါလို့ 
စကားလုံးလှလှတွေနဲ့  မချည်နှောင်ခြင်ဘူးချစ်သူ
ငါကိုယ်တိုင်ကအတွေးနယ်ချဲ့ လွန်းတတ်လို့ ပါ
ချစ်သူ
နင်မရှိတော့ တဲ့ ငါ့ ဘ၀ရဲ့ နေ့ စွဲတွေက
ရေစီးဆင်းမှု့ မရှိတော့ တဲ့ မြစ်လိုပဲ
အလွမ်းတွေသောင်ထွန်းခဲ့ တယ်
နေ့ နေ့ ညညတွေတိုင်း အလွမ်းတံတိုင်းတွေက
ငါ့ ကိုဝန်းရံထားလေရဲ့ 
မြို့ ပြညတွေရဲ့ မွန်းကျပ်တဲ့ လေကိုရှူရှိုက်သလိုပဲ
ဒီအလွမ်းတွေက ငြင်းရခက်လိုက်တာချစ်သူ
ဒီအလွမ်းတွေ ငြင်းရခက်လိုက်တာ

In: ကဗျာ Posted By: Date: Aug 8, 2013
Comment #1

sa kar lon tray ka noble a tai pal hla dal ….

commentinfo By: cynthia at Aug 8, 2013
Comment #2

ချစ်သူ
နင့် ကိုသတိတရ တမ်းတခြင်းတွေက
ငါအိပ်စက်ခြင်းတွေကို တိတ်တဆိတ်ယူဆောင်သွားကြတယ်
ညစဉ်ညတိုင်း အိပ်စက်လို့ မနိုင်ခဲ့ ဘူးချစ်သူ
နင့် ကိုတမ်းတမ်းတတ လွမ်းနေခဲ့ ရလို့ ပါလို့ 
စကားလုံးလှလှတွေနဲ့  မချည်နှောင်ခြင်ဘူးချစ်သူ
ငါကိုယ်တိုင်ကအတွေးနယ်ချဲ့ လွန်းတတ်လို့ ပါ
ချစ်သူ

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment