Professional Authors
နလံမထူနိုင်ခြင်းများ
နေတိုင်း
ခင်ဗျားတို့ ကိုကြောက်နေရတဲ့ 
ခေါင်းငုံ့ သွားရတာ နေသားကျနေပြီ … ။
အလင်းရောင်မမြင်ရအောင်
ခင်ဗျားကွယ်ထားတယ်
မအောင်မြင်နိုင်အောင်
ဇာတ်တိုက်ထားတယ် … ။
ခွေးတစ်ကောင်လို တွေ့ ရာဟောင်တယ်
အချိန်ကြာလို့ 
မင်းနဲ့ ငါ ယဉ်ပါးတော့ မှ
ခင်ဗျားကိုဟောင်ဖို့ မေ့ တယ် … ။
ခင်ဗျားခြေနဲ့ လှမ်းမှ
ပန်းတိုင်ရောက်မဲ့  အညတရတစ်ကောင်မဟုတ်ဘူး
ကိုယ့်ဒူးကိုယ်ချွန်တတ်တယ် … ။
In: ကဗျာ Posted By: Date: Aug 7, 2013
Comment #1
Sate g like Dar. 😛
commentinfo By: ei lay at Nov 7, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment