Professional Authors

အမျက်တော်ပြေ – ၃


တစ်ကို တစ်နဲ့ စား – တစ် ပဲ ပြန်ရတာပဲ
ဘယ်သူ့ကိုချစ်လည်း ခဏခဏမေးနေတာ နင့်အစား ငါမောတယ်

နင်ပေးထားတဲ့ တစ်နဲ့ ငါ က ရာထောင်ချီအောင် ကြိုးစားနေချိန်
သ၀န်တိုတယ် ခေါင်းစဉ်ကြီးအောက်မှာ
အဲဒီမျက်ဝန်းတွေက စိုးစိတ်ကြီးပိုက် ထားတော့
ဘယ်လှပါ့မတုန်း

တပြိုင်တည်း ရွှေ့နေတဲ့ အနာဂတ်ပါဟာ
လောကဓံက သံထည်ကြီးပဲဆိုလည်းတနေ့ ရွေ့သွားမှာ စိတ်ချ

ဆူပုတ်မနေစမ်းပါနဲ့
ခဏခဏဖြေနေရရင် အတူနေရမယ့် အချိန်တွေ ပါး တယ်

တကယ်
သေချာမှတ်ထား

တစ်ကို တစ်နဲ့ စား – တစ်ပဲ
ငါ့ကို ဘယ်နှကြိမ်မေးမေး နင့်ပဲ ငါချစ်တာ ယုံ

အသဲကွဲ မိုး

In: ကဗျာ Posted By: Date: Jul 26, 2013
Comment #1

တကယ်
သေချာမှတ်ထား

တစ်ကို တစ်နဲ့ စား – တစ်ပဲ
ငါ့ကို ဘယ်နှကြိမ်မေးမေး နင့်ပဲ ငါချစ်တာ ယုံ

commentinfo By: tabound at Jul 26, 2013
Comment #2

တစ်ကို တစ်နဲ့ စား – တစ်ပဲ
ငါ့ကို ဘယ်နှကြိမ်မေးမေး နင့်ပဲ ငါချစ်တာ ယုံ
…………………………………………..
အားပေးသွားပါသည်။

commentinfo By: နွေ at Jul 26, 2013
Comment #3

🙂

commentinfo By: ei lay at Jul 26, 2013
Comment #4

ကျွန်တော့် ကဗျာလေး ကို ဖတ်ရှု ခံစား ပေးရုံမက ကွန်းမန့်ပေး သွားတာ ချစ်အားဆေးများအားလုံးကျေးဇူးတင်ပါသည်.။။

… ဒေါ် အိ .. ခင်ညားအရမ်းပျောက် ကျုပ် စိတ်ပူ နေ ..မျှော်နေမိ … နေကောင်းပျော်ရွှင်အောင်နေ ဒါပဲ

commentinfo By: အသဲကွဲမိုး at Jul 26, 2013
Comment #5

မအိလေး ခင်ညားကျနော့ ရယ်စရာ တွေကိုလဲ ကွန့်မန့်ပေးပါဦး။

commentinfo By: Blueskymoe at Jul 26, 2013
Comment #6

ဟ်

commentinfo By: ei lay at Jul 27, 2013
Comment #7

ဟုတ်။

commentinfo By: ei lay at Jul 27, 2013
Comment #8

တ ကယ် လား မ မိုး။
အိ ကို တ ကယ် သ တိ ရ တာ လား။
အိ ကို တ ကယ် စိတ် ပူ တာ လား။

Myor လည်း ပျောက် နေ တယ်။

သေ ချာ ပြန် စာုး စား ကြည့် ပါာီုး
မ မိုး ရယ် myor ရယ် က အိ ကို ဂ ရု မ စိုက် ပဲ ပစ် ထား ကြ တာ ပါ နော်။

commentinfo By: ei lay at Jul 27, 2013
Comment #9

တစ်ပုဒ်လုံးကို နှစ်သက်မိပါ၏ 🙂

commentinfo By: loafer at Jul 27, 2013
Comment #10

တစ်ကို တစ်နဲ့ စား – တစ်ပဲ
ငါ့ကို ဘယ်နှကြိမ်မေးမေး နင့်ပဲ ငါချစ်တာ ယုံ

commentinfo By: nge at Jul 28, 2013
Comment #11

နှစ်​သက်​စွာခံစားသွားပါတယ်​ဗျာ

commentinfo By: မာန်​ခက်​ဝင့်​ at Jul 28, 2013
Comment #12

ဖတ်သွားတယ် မိုး

commentinfo By: ကြက်ခြေခတ် X at Jul 28, 2013
Comment #13

မှန်လိုက်လေ……….

commentinfo By: May Kha at Jul 29, 2013
Comment #14

ကျွန်တော့် ကဗျာ လေး ကို အားပေးနေသော အားပေးနေဆဲ အားပေးခဲ့သောမောင်နှမများအားလုံး အထူးကျေးဇူးတင်လေးစားလျက်ပါခင်ဗျာ..

……………………………………………………………………………………………………

အောင်မြတ်လေးးးးးး ဒေါ်အိရယ်…ခင်ဗျား ပဲ ပြောတော့ဗျာ…

ကျုပ်ဒေါ်မိုး ပစ်မထားရပါဘူးဗျာ.. အမြဲသတိရပါတယ် ကဗျာတင်လိုက်တိုင်း ခင်ဗျား ကွန်းမန့်ကိုလည်းမျှော်ရပါတယ်… မတွေ့ရတော့ သူများတွေကဗျာမှာပါ လိုက်ရှာတယ်ဗျာ.
မတွေ့ဘူး..
အဲ့တော့ ဒီလူက ရင်ပူပီကောဗျာ… ဒေါ်အိနေကောင်းရဲ့လား အဆင်ပြေရဲ့လားနဲ့ တွေး ပြီး
စိတ်ကူးနဲ့ လိုက်ရှာ ….ဟော….ကမ္ဘာတစ်ပတ်ကို ခြေရာ ထပ်ရောဗျာ…

ကဲ … ပြော အဲ့ဒါလား ခင်ဗျားကို ကျုပ်က ပစ်ထားတာ???

ဒေါ်မျောက ဆက်သွယ်မှုဧရိယာပြင်ပ က အလုပ် နေရာလေး ရောက်နေပါသတဲ့ သူ့ချစ်ချစ်ပြောတာပဲ.. ကျုပ်လည်ူ လွမ်းလို့  မေးကြည့်ထားတာဗျ..

commentinfo By: အသဲကွဲ မိုး at Aug 1, 2013
Comment #15

” ခဏခဏဖြေနေရရင် အတူနေရမယ့် အချိန်တွေ ပါး တယ် .” . မှန်တာပေါ့ .။ Like !

commentinfo By: SheMo at Aug 1, 2013
Comment #16

မိုက်​တယ်​ like

commentinfo By: Tway at Aug 1, 2013
Comment #17

အ ရမ်း စ ကား တတ် တဲ့ မ မိုး ပဲ ။
thz u.

အိ ကို ဂ ရု စိုက် ပြီး သ တိ တ ရ ရှိ ပေး တဲ့ အ တွက် အ ရမ်း ကို ကြည် နူး မိ ပါ တယ်။
အိ ကို နား လည် ပေး တဲ့ အ တွက် လှိုက် လှိုက် လှဲ လှဲ ဝမ်း သာ ပီ တိ ဖြစ် ရ ပါ တယ်။

မ မိုး ရေး တဲ့ က ဗျာ တိုင်း က အ ရမ်း ကို စွဲ ဆောင် မှူ ရှိ တယ်။

commentinfo By: ei lay at Aug 2, 2013
Comment #18

တစ်ကို တစ်နဲ့စား အကြွင်း သုံည ရတယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေတော့ကာ
နင် ငါ့ကို တစ်ကယ်ချစ်ရဲ့လား ခဏခဏ မေးမိတယ်
နင်က နာမည်ကြီးတဲ့ရွှေမင်းသမီးလေးဆိုတော့
ငါ့မှာ သ၀န်တိုစိတ်နဲ့ မောပေါ့
ပြောင်းလဲတတ်တဲ့ လောကဓံကြား
သံထည်တွေတောင် အရည်ပျော်သွားတာ သိထားတယ်
တစ်ကိုတစ်နဲ့စား အကြွင်း သုံညရတယ်
ယုံပေမယ့်လည်း နင့် ငါ့ကို တစ်ကယ်ချစ်ရဲ့လား ထပ်မေးချင်နေတယ်။

commentinfo By: SOMEONE at Aug 8, 2013
Comment #19

မိုက်တယ်

commentinfo By: jinger at Nov 25, 2013
Comment #20

မမိုး
ဘယ်ပျောက်
ဒီကို လာဖြစ်သေးလား
အားပေးလျက်

commentinfo By: Nothing Special at Jul 27, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment