Professional Authors

ဧကရာဇ် – နရီထက်

တံလျှပ်ကို တန်ခိုးထင်
ရွှေရောင်က ၀ါထိန်
မိုးကြိုးက ကခုန်လို့
သူကို ချစ်နေတုန်းပဲ
သမင်ငယ် ဂျိုရှုပ်
ပိုက်ကွန် နက်မှောင်
မှိန်မောစရာ ကံတရား
ဘ၀က လှပနေတုန်းပဲ
မြစ်နဒီ ကွေ့ကောက်
သောင်ပြင်ရယ် ပေါ်နိုး
ကမ်းစပ်က လှိုင်းထူးသံ
ကြားရနိုးစပ်ကြားမှာ
သူကို တမ်းတနေတုန်းပဲ
ဖန်တရား အက်ကြောင်းထပ်
နန်းထပ်ပြသာဒ်ဘုံခင်း
ခရာတော် လွတ်ကျသံ
ဆိုင်းမဆင့် ဗုံးမဆင့်
သူကို ဆွေးမြေ့နေတုန်းပဲ
ခြေတလှမ်းအတွက် အိနြေ္ဒကွယ်
လသာမဲ့ည မကိုးကွယ်
နမိတ်ပုံထုတ် ရှေ့လားကွယ်
ဘယ်မထီ ရဲနီလို့သွေး
သူကို ရင်ဘတ်ထဲ သိမ်းထားနေတုန်းကွယ်။   
နရီထက်
(၁၀ ၊ စက်တင်ဘာလ ၊ ၂၀၁၂ )
In: ကဗျာ Posted By: Date: Jul 26, 2013
Comment #1

လှလိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Jul 26, 2013
Comment #2

တစ်ပုဒ်လုံး သိပ်မိုက် …

commentinfo By: cutie stitch at Jul 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment