Professional Authors

အာရုံ – နရီထက်


ထွေရာ လေးပါး
အိမ်မက်ကို ၀ယ်
အတွေး နယ်ချဲ့
အနောက် ယွန်းဆီမှာ
နေမင်းက အိပ်စက်နေသလား
အမှောင်ကို ပစ်
အလင်း ခင်းရှာ
ကြယ်တစ်သိုက်နဲ့
လမင်းက ပျော်နေတတ်သလား
တေးကျူး ဌက်သီ
ပန်းပွင့် စေရာ
ရှုခင်း သာလို့
စီးကျစမ်းရေ ခမ်းစေတတ်သလား
ပျော်ရာ ဖွေရှာ
ဘယ်မှာ ပျော်ပိုက်
သင် ရှိနေနိုင်လား
ငိုလာစေရာ
ကျမျက်ရည်တွေ
မြစ်ဖြစ်စေခဲ့သလား
ချမ်းသာမှု ဖွေ
ဆင်းရဲ အဝေး
အောင်မြင်မှုပိုက်
သင်ပျော်နေနိုင်လား
ခဏတာ အတွက်
မမြဲ…
တစ်ဘ၀ အတွက်
ခဏတာ…
ရွေးချယ်မှု ဝေ
တကယ့်ဘ၀ကြီးလား ကွယ်။    
နရီထက်
(၁၇ – ၁၁ – ၂၀၁၂ )
In: ကဗျာ Posted By: Date: Jul 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment