Professional Authors

နှင်းဆီကောင်းကင် – နရီထက်

ဆူးမြတစ်လွှား ၀တ်ဖက်ငုံကြွ
ပွင့်ကြွ အံ့လာ
ယခုပင် ဆန်းမိသလို
အရောင်သွေးကြွယ်
အိုဘယ့် … သခင်
နှစ်တွေ ပြေးကူး
ဆွေးဆွေးနီမယ့် နှင်းဆီပါ…
အခက်ရယ်ကြုံ ဆူးခင်းရယ်အုံ့လို့
ပြိုမလေနှင့် ကောင်းကင်ရယ်
ဆုတွေ မချွေခဲ့မိသူပါ
ရာသီ ပတ်ဝန်း
ပြေးဆော့ထူးလည်း
ဆက်ပွင့်နေရအုန်းမယ် နှင်းဆီပါ…
ခမ်းနားခြင်းကို ဖြေကြားဖို့
အဆင်းတွေ ပုံလို့
အသွင်ကွဲတဲ့ စမ်းသပ်ခြင်းလား
မမှုရယ် မထီ
ဘာညီလို့…
အမည်နာမတွေ ထပ်မွန်းလိုက်ချင်တယ်
နှင်းတွေ မိုးတွေ သည်းနေအုန်းမလား
မယိုင်မယ့် နှင်းဆီပါ..
စစ်သူ ကမ်းလင့်
ချစ်သူခင်ဆီ
ရွေ့လျား ရှေ့နှင်း
လှမ်းခဲ့ပါသည် နေ၀န်းနီ
စက္ကန့်လှည့်ရေ
အချိန်တွေ ခစားလို့
နှစ်တွေထပ်ပြောင်း
ဘယ်…မဟောင်းမယ့်
နှင်းဆီကောင်းကင်ပါ…
သခင်…။    
(နှစ်သစ်ကို ကြိုဆိုလျက်…)
နရီထက်
(၃၁ – ဒီဇင်ဘာလ – ၂၀၁၂ )
In: ကဗျာ Posted By: Date: Jul 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment