Professional Authors

ခွင့်​ပြုပါ

ဒီ​နေရာကို​ရောက်​မယ်​မှန်းသိသိနဲ့

မင်းဘာလို့​လျှောက်​​စေတာလဲကွယ်
ဘာမှမရှိ​တဲ့​ကောင်
်​မင်းကထပ်​ရှုံး​စေချင်​တာလား
ရပါတယ်​ ဒီလမ်းကဆူးချည်းပဲဆိုလဲ
ငါ​လျှောက်​မယ်​……….
ကိုယ့်​ရင်​ကိုအနာတရဖြစ်​​စေမယ်​ဆိုလဲ
ဒီဓားထက်​​နေပါ​စေ 
နှုတ်​ဆက်​မယ်​မ​ပြော​ကြေး……….
မင်းကိုရူးသွပ်​တာငါအပြစ်​ပါ
ငါရဲ့ဆု​တောင်းမှာ ရုတ်​တရက်​ကျဆုံးသွား
ပေါက်​မယ်​မှန်းသိမှ ထီထိုးတာမှမဟုတ်​တာ
သိလို့မို​က်​တဲ့လူမိုက်
ကျောတရာ ရင်​တရာရိုက်​​စေ(နှလုံးသားကို)
အမြင်​အကြည့်​​တွေမင်းမသိလို့မှမဟုတ်​ဘဲ
က​လေး​ရယ်​………..
ဘာလို့ရက်​စက်​ချင်​ရတာလဲ
လှို​င်း​တွေတဝုန်းဝုန်းရို​က်
ကမ္ဘာကြီး​ပေါ်ကငါ​ဇောက်​ထိုးကျ
မင်းနာမည်​​လေးငါ​ခေါ်ပါရ​စေဦး 
ထင်​မထားဘဲ နှုတ်ဆက်ခြင်းတွင်
နှလုံးသားဟာဖွဖွလေးသေဆုံး
မျှော်လင့်ခြင်းမှာ အားလုံးမေ့ထားပါရ​စေ…
သွားတော့မယ်
ဘယ်တော့မှ မဆုံခဲ့ကြသလိုလေ
အရာရာဟာ မျက်စိတစ်မှိတ်အတွင်းမှာ
ဗျောင်းဆန်အောင် သွေးပျက်​မတတ်​ခံစား
နင့်ကို ငါလွမ်းမိမှာပါ….ကောင်​မ​လေးရေ….
တွေ့ ပါရစေဦး
လောကမှာ နှလုံးသားတွေ
အဖြူလွှမ်းမယ့်နေ့ မှာပေါ့့
ငါတို့ ………..။
In: ကဗျာ Posted By: Date: Jul 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment