Professional Authors

အမေ…

အမေ…
တစ်နေ့ကျရင် ခွဲရမှာ သိပါတယ်…
ဒါပေမယ့်..
စိတ်ထဲမှာ……မေ့
အဲ့ဒီနေ့ကို မတွေ့ချင်ဘူး..အမေ…

ကျွန်တော့်ကို မမွေးခဲ့ရပေမယ့်…
အမေ တစ်ယောက်လို မေတ္တာနဲ့
နည်းလမ်းညွှန်ပြ..
လိမ္မာလာအောင်..ဆုံးမခဲ့တယ်…။

အမေ့..စကားတွေထဲက..
လူတွေရဲ့ စိတ်ထားတွေကို သိခဲ့တယ်…
အမေသင်ကြားပေးလို့..
ရင့်ကျက်စွာ.. တွေးတတ်ခဲ့တယ်……

အမေ..အထင်သေးမှာစိုးတဲ့ စိတ်နဲ့..
ကိုယ့်ကိုယ်ကို တည့်မတ်…
ခုဆို..ကျွန်တော်….
လူလိမ္မာလို နေတတ်နေပါပြီ……

အမေရေ…
ပြန်တွေးလိုက်ရင်..
ဆယ့်လေးနှစ်ဆိုတဲ့ အချိန်ကာလ
မနေ့ကလိုပဲနော်….

ကျောင်းတံခါးဝမှာ..
အမေ့အလာကို စောင့်…
အကြိုထောက်ခဲ့တဲ့ ရက်တွေကို
လွမ်းတယ်……

မဟောသဓာရဲ့ တရားစီရင်ခန်း..
အတူတူ..
သူခိုးဖမ်းခဲ့တာတွေ…

ရေသည်ယောင်္ကျားရဲ့ အဿပြာပဲဝက်..
မြို့ရိုးကြားမှာ..
သွားဖွက်ခဲ့ကြတာတွေ…

အမေဖတ်ပြတဲ့..
သင်ခန်းစာတွေကို..မှတ်သား..
ကျွန်တော်တို့ရဲ့ကျောင်းသားဘ၀တွေကို….
ဖြူစင်စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်……

လူ့ဘ၀ရဲ့…
ကောက်ကွေ့တဲ့ လမ်းတွေကြားမှာ..
ရှင်သန်လှုပ်ရှားရင်း…
ခုချိန်မှာတော့…
ကျွန်တော်တို့စိတ်တွေ… ညစ်ပေနေကြပြီ..အမေ…..

ဒါပေမယ့်…
ဘယ်အခြေအနေရောက်ရောက်…
အမေ့အိမ်တံခါးကို ခေါက်လိုက်တာနဲ့….
နွေးထွေးစွာ ကြိုဆို…
အမေ့အပြုံးက ..
ငယ်ငယ်တုန်းကအတိုင်း..နုပျိုဆဲလေ……

ကြယ်လေးတွေ..အရောင်လက်ဖို့အတွက်..
ကောင်းကင်ကြီးလိုအပ်သလို…
ငှက်ကလေးတွေ….ပျံသန်းဖို့အတွက်…
လေဟာနယ် လိုအပ်ပါတယ်……

ငါးလေးတွေ….အသက်ရှင်ဖို့အတွက်..
ရေပြင်ကျယ် လိုအပ်သလို…..
ကျွန်တော်တို့တွေ..လိမ္မာလာဖို့အတွက်..
အမေ့ဆုံးမစကားတွေ လိုအပ်ပါတယ်………

အမေရေ..
နောင်နှစ်ပေါင်းများစွာတိုင်..
စိတ်ချမ်းသာ..ကိုယ်ကျန်းမာစေဖို့…
အဝေးရောက်နေတဲ့…သား..အားလုံးကိုယ်စား….
ဒီစာကို..ပါးလိုက်ပါတယ်……
အမေ..ပျော်ရွှင်ပါစေ…………………………။

(မွေးအမေနဲ့ ထပ်တူ ချစ်ရသော … ဆရာမအတွက်)

In: ကဗျာ Posted By: Date: Jun 15, 2010  
Comment #1

ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို… အမေ
သက်တော်ရာကျော် ရှည်ပါစေ….

commentinfo By: မနောဖြူလေး at Jun 16, 2010
Comment #2

အမေတိုင်း ရဲ့အပြုံးတွေက ..
ငယ်ငယ်ကအတိုင်း..အမြဲနုပျိုနေပါတယ်ရှင်..သားသမီးတိုင်းတွက်ပေါ့..

commentinfo By: ရွှေငါး at Oct 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment