Professional Authors

ငါ့ရင်ဘတ်ထဲက ထာဝရလည်ပတ်နေမယ့် ၀ဿန်ရာသီ သို့ – ၂

ကလိမ်စေ့ကလိမ်ဉာဏ် ပေါင်းစုံ ကူးယှက် လွင့်လူး လို့ ပျော်ပါး
ဟောသည် လောက ကြီး ရဲ့ အလယ် လှမ်းခွင့် လမ်းတွေ ရုပ်သိမ်း
ဝဿန်ရေ …
မင်း ..တပ်ခေါက်ပြီး ပြန် တော့ ကွယ်။

ဘုရင့်နောင် မဟုတ်တဲ့ ဘ၀မှာ ဖောင်ဖျက်နည်းပေါင်းစုံ သုံးရင်းး
အကြိမ်ကြိမ် တိုက်နေရတဲ့ စစ်ပွဲ ငရဲပြည် ထက် လှမ်း တက်ဖို့  သက်သက် လား
အခါခါလည်း ကျရှံးခဲ့ပါတယ်။

ဓားတွေလှံတွေ မယူငင် လက်သုံးတော် ဟန်ဆောင်အပြုံးနဲ့ ဆယ်ကမ္ဘာမကျေတဲ့ အငြိုးတွေပိုက်
ကိုယ့်ချည်တိုင် ကိုယ် ပြန်မုန်းတီးလျက် အသက်ရှုနေရတဲ့ ခေတ်
သည်ခေတ်မှာ ဘ၀င် ညိုး မြေသားစိုင်ခဲလည်း မဖြစ်ပေးနိုင်ခဲ့ဘူး ကွယ်။

ချစ်တယ် ချစ် တယ်  သိပ်ချစ်ရတာပါ အချစ်လေး ၀ဿန်ရယ်
သွေးရော သားရော အားအင်ခမ်း ကုန်ဆုံးသွားစေလောက်တဲ့ထိ
ဒီမြတ်နိုးခြင်းကိုမှ တယုတယ ပျိုးထားခဲ့သောဥယျာဉ်
စားမရသောက်မရ သိက္ခာတော်ကြီးတွေအကြောင်း လက်စောင်း ထက် လွန်း နေ ချိန် ထဲ
ကိုယ့်နံရိုး ကိုယ်ရိုက်ချိုး
ကိုယ့် အသည်း ကို ကိုယ် ပြန်လှီးထုတ်ခဲ့ရသူ

အတွင်းကြေ ဒဏ်ရာတွေနဲ့ မြစ်ပွားနာ တွေ ဗရပွ
အဲသည် ဥယျာဉ်မှာလေ…

ဟောာာာ…..ကြည့်ကြည့် လိုက် စမ်းပါ
ဟိုးးးးးးးးးးးး  ခပ်ဝေးဝေးကတောင် မြင်နိုင်စွမ်းပါရဲ့
နောင်တတွေ တသီကြီး ဖူး ပွင့် ဝေ ဆာ
အတိတ်ဖြစ်သွား မနိုင်တဲ့ အခိုင် ပန်း တွေ နဲ့ စိတ်/ခန္ဓာ အလုံးစုံ ချုံးချိယိုင်ယဲ့ ဖျတ်ဖျတ်လူး ရူး နေခဲ့ပါတယ်

အယူခံတေး လိုတော့ နားဝင်ချိုမယ် မဟုတ်ဘူးကွယ။်။

 

ငိုပါတယ် ငို ခဲ့ ပါတယ် ငို ယို ခဲ့ ရ ပါတယ်
နာကျင်တယ် ခံစားရတယ် အထိနာလွန်းတယ်
အသည်း ကွဲ ခဲ့ ရ တယ်
အို …. မျိုးစုံသော ခံစားချက် အနာ တွေ ကြား
ဘယ်လို မှ ဖြည် ဆည် ဖျောက် ဖျက် မေ့လျော့မသွားနိုင်တဲ့ ၀ဿန်-မင်းရဲ့ အပြစ်ကင်းမဲ့ ရွှေရုပ်လွှာလေး
ယုယ ပိုက်ထွေး ကြင်နာ  ပြုစု ပိုင်ခွင့်မရခဲ့ခြင်းကသာ
ငါ့ရင် ငါ့ဘ၀ ငါ့ဖြစ်တည်မှု ကို
ဓားထက်ထက်နဲ့ ( အခါ အလပ် မရှိ ) ထိုး စိုက် ထိ ခိုက် နေ စေ ဆဲ ။

။ရုန်းခွာထွက် ရှောင်ဖယ်မလွှဲရက် စွာ ငါ ကျေကျေနပ်နပ်ခံယူလျှက်ပါ။

 

ခြေထောက်တွေနဲ့ လဲမယ်
လက်ဖ၀ါးတွေနဲ့ လဲ မယ်
အနာဂတ်/အတိတ်/ပစ္စုပ္ပန်  နဲ့ လဲမယ်
အမြင်အကြား အထိအတွေ့ အာရုံ ပေါင်းမြောက်များစွာ နဲ့ အသက် ကို ပါ လဲမယ်ကွယ့်
ငါမှန်သမျှအပိုင်းအစများ ချိန်ခွင်တစ်ဖက်မှာထား
ခုချိန် … မင်း ဘယ်ဆီ ဘယ်ရောက်လို့ 
ဘယ်ရင်ခွင် ထဲ မှီကာ နွဲ့ဆိုး ဆိုးနေသလည်းသာ သိခွင့်ရပါရစေတော့။

အရှေ့ ပိုင်း လွင်ပြင်မှာ ရွှေအိုရောင် လွှမ်းနေပါစေဦးတော့
သည်လူ သည်အနာ သည်ဒဏ်ရာကြီး ကို ပိုက်
ကြမ္မာရထားထက် ဆက် မလိုက် ချင် ဘူး ကွယ်။

ဇောချွေးတွေလည်း ခမ်း ပြီ
ခြေလှမ်းတွေလည်း တန့်ပြီ
မျက်ရည်တွေလည်း ကုန်ပြီ
မျှော်လင့်ချက် ရည်ရွယ်ရာ ပန်းတိုင် အားလုံး အားလုံး လည်း
အစအနမျှ မကျန် သုဿန်ပြင်အလား ကွယ်ပျောက်လို့ အကျဉ်းတန်ခဲ့ပြီအချစ်ရေ။

အချိန်ကာလ ကို ပြောင်းလဲ ဖန်တီး rip ပစ်လိုက်နိုင်တဲ့ အစွမ်း လည်း မရှိ
ပစ္စုပ္ပန်ထဲ သည်အနာကြီးကိုဆွဲ  ရှေ့ဆက်လျှောက်ဖို့ လည်း ခွန်အားမဲ့
ဖြေသိမ့် လို့ ပြေပျောက် မသွားသော  မြတ်နိုးခြင်း ၀ိသေသတို့ ရဲ့ အလွန်မှာ
သည်ခန္ဓာကို ပြာ ချ လို လွန်း  ပြီ

ဝဿန် ၀ဿန်   (ငါ့ ရဲ့ )  ၀ ဿ န် လေး ရေ
သည်ဘ၀ မှာ အပြောချင် ဆုံးသော
မင့် ကို အကြား ချင် စေ ဆုံး သော
စကြာဝဠာ ၀န်းကျင် အနှံ့ ပဲ့တင် ထစ် ချုန်း အောင် မောင်းခတ်ကြေငြာ ချင်ခဲ့ဆုံးးသော

စကားလေးတစ်ခွန်း

နှောင်းနေခဲ့မှန်း သိ သော်လည်း
မကြားနိုင်တော့မှန်း သိနေသော်လည်း

ရင်ခွင်မှာ ဆို့နင့်ကာ အသည်း မွှာ တစစီ ကြေကွဲရင်း နာနာကျင်ကျင် မျက်ရည်သွင်သွင် စီးလို့ 

ပြော ပါ ရ စေ

ငါ့ ဘ ၀ ထဲ  မှာ
အလို ချင် ခဲ့ ဆုံးသော
အမြတ်နိုးဆုံးသော
တန်ဖိုး အထားရဆုံးသော သက်ရှိ ဟာ
ဝဿန် – မင်း..မင်း တစ်ယောက်တည်း။ ။

(ဒီစကားလေး မင့်ရှေ့မှောက် ပြောခွင့်ရဖို့  သံသရာထဲ မမောမပန်း ကျင်လည် ဒုက္ခစံ ဒဏ် ခံ ဖို့ 
 ငါ ဆူးခလုတ် မရှောင် ဘွာမခတ် စတမ်း ရဲရင့်ဝံ့ပါတယ်
အခွင့် ရ  မယ် ဆိုခဲ့ရင်ဖြင့် ငါ့ကိုယုံတဲ့အကြောင်း တီတီတာတာ ရယ်သံလေးတွေနဲ့ အကြောင်းပြန်ပေးပါ )


။ တကယ်ပါ ..၀ဿန်လေး ရယ် ငါ့ဘ၀ထဲမှာ မင်းပဲရှိခဲ့တာပါ ။

၁၄.၇.၂၀၁၃

In: ကဗျာ Posted By: Date: Jul 15, 2013
Comment #1

ငါ့ ဘ ၀ ထဲ မှာ
အလို ချင် ခဲ့ ဆုံးသော
အမြတ်နိုးဆုံးသော
တန်ဖိုး အထားရဆုံးသော သက်ရှိ ဟာ

ဝဿန် – မင်း..မင်း တစ်ယောက်ထဲပါ။

commentinfo By: UKyaL at Jul 15, 2013
Comment #2

အားပေးသွားတယ်ခင်ဗျ .. 🙂

commentinfo By: မာန်ခက်ဝင့် at Jul 15, 2013
Comment #3

အားပေးသွားတယ်ဆိုတဲ့ မာန်ခက်ဝင့် .. ကြေးအိုးပွဲကြီး စားနိုင်ပါစေဂျာ ..ငိငိ

UKYAL ကျေးဇူးပါ

commentinfo By: အသဲကွဲ မိုး at Jul 16, 2013
Comment #4

ဘာလဲ? ​ကြေးအိုးပွဲကြီး အစကတည်းကပွဲကြီးပဲ ^_^

commentinfo By: မာန်​ခက်​ဝင့်​ at Jul 16, 2013
Comment #5

တကယ်ပါ ..၀ဿန်လေး ရယ် ငါ့ဘ၀ထဲမှာ မင်းပဲရှိခဲ့တာပါ
…………………………………………………………
အားပေးသွားပါသည်။

commentinfo By: နွေ at Jul 16, 2013
Comment #6

သဘောကျတယ်ဗျာ…..အားပေးသွားပါတယ်……

commentinfo By: Arker at Jul 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment