Professional Authors

ဂျုလိုင်​မသိတဲ့ မျက်​ရည်​စက်

အဲ့ဒီမိုးတိမ်​မည်း​တွေ ငြိုးပြီဆိုရင်​ဖြင့်
ကိုယ့်​မှာအထိတ်​တလန့်​နဲ့ 
စို​ပေးဖို့ကို​မျှော်​​နေမိ
တဖွဖွနဲ့​ခေါ်​နေမိတဲ့ နာမ်​စား​လေး
မိုးထဲ​လေထဲ အငြိုးနဲ့
တိုးတိတ်​​နေဆဲ…..
သူငိုပြီဆိုရင်​ဖြင့်
ကိုယ့်​မှာရင်​ဘတ်​ကိုဖွင့်
ကြိုလင့်​ရတာ အခါခါ
အနာတရ​တွေရှိတယ်
မပြယ်​လွင့်​​သေးတဲ့
အိမ်​မက်​အစုတ်​အပဲ့​တွေရှိတယ်
မီး​သေ​သွားတဲ့ စီးကရက်
အတိုစ​လေးရှိတယ်
တသွင်​သွင်​စီးဆင်းသွား​နေတဲ့
မြောင်း​ရေ​တွေကြား
ကိုယ့်​မျက်​ရည်​စ​တွေများ​တွေ့လို​တွေ့ငြား
ရှာ​ဖွေမိတုန်း ……

                     မာန်​ခက်​ဝင့်
                  14 July 2013
In: ကဗျာ Posted By: Date: Jul 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment