Professional Authors

ဖြစ်ခြင်းသီအိုရီအတွက်အိပ်ဆေးမလိုသူ

“ဖြစ်ခြင်းသီအိုရီ“

ဖြစ်လာတာတွေကို ဖြစ်လာတဲ့အတိုင်းထားလိုက်တယ်
ဖြစ်မလာတာတွေကို ဖြစ်မလာတဲ့အတိုင်းထားလိုက်တယ်
ဖြစ်သင့်တာတွေကို ဖြစ်သင့်တာအတိုင်းထားလိုက်တယ်
ပြီးတော့ …
ဖြစ်ချင်တာတွေကို မေ့ထားလိုက်တယ်
ဖြစ်နိုင်တာတွေကို စိတ်မ၀င်စားတော့ဘူး ။ ။

(ဆိုက်ပရပ်စ်လင်း ၂၀၁၃)

“အိပ်ဆေးမလိုသူ

ခြေလှမ်းတိုင်းသတိရခြင်းတွေခတ်နှိပ်လို့
ရှူရှိုက်နေရတာလဲ အလွမ်းသင့်လေထုကြီး
ဝေဒနာအပုပ်အသိုးတွေမြုပ်နှံထားတဲ့နေ့ရက်တွေနဲ့အတူ
ခေါင်းရင်းထက်ကဂစ်တာမှာအသည်းကွဲသီချင်းတွေရှိနေတယ်
သေချာတယ် ငါ့အတွက်အိပ်ဆေးမလိုတော့ဘူး ။ ။

(ဆိုက်ပရပ်စ်လင်း ၂၀၁၃)
https://www.facebook.com/cyprus.linn
[email protected]

In: ကဗျာ Posted By: Date: Jul 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment