Professional Authors

အဆင်ပြေအောင်………

ပိတ်လှောင်မှုတွေရှိနေတယ်
ဘာမှစိတ်ဓါတ်မကျနဲ့
နားလည်မှုတွေထပ်တူကျမှုအတွက်
ဘာအကြောင်းပြချက်နဲ့မှမတုန်လှုပ်ဘူး
ချစ်ခြင်းတွေလိပ်ပြာသန့်တယ်
ဒါအိမ်မက်မဟုတ်ခဲ့ဘူး
ပိုင်ဆိုင်မှုမပိုင်ဆိုင်မှုဟာငါနဲ့မဆိုင်ဘူး
ငါနဲ့ဆိုင်တာ…….
ဒီနေ့ထက်ထိချစ်နေသေးတယ်
ပွဲကသိပ်ကြည့်မကောင်းဘူး
ငါ့ဘေးမှာကနင်တယောက်တည်း
တလောကလုံးကသူတို့ဘက်မှာ
ငါမကြေကွဲပါဘူး
ငါလိုတာနင်တယောက်တည်း
တကယ်လို့……………
နင်စိတ်ပြောင်းမယ်ဆိုကြိုပြောခဲ့ဦး
ငါ့ကိုငါ နှုတ်ပိတ်ချင်လို့။

အမရာ

In: ကဗျာ Posted By: Date: Jun 14, 2010
Comment #1

သူ ပြောင်းမယ်မထင်ပါဘူး။ တစ်ယောက်ထဲရှိတဲ့သူကို ထားခဲ့ပါမလား….

commentinfo By: မနောဖြူလေး at Jun 15, 2010
Comment #2

ကိုယ့် ကိုကိုယ်ခေါက်သိမ်းနိုင်ပါ့ မလား?

commentinfo By: ပုထုဇ၁ု at Jun 18, 2010
Comment #3

သေချာစဉ်းးစားပါဦး..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment