Professional Authors

ကျူးကျော်မြေ ….မဟုတ်ပါ (သက်ထွေး)

“ရေလောင်း
ပေါင်းသင်ပါ” ဆိုတဲ့
ဆိုင်းဘုတ်
ကျွန်တော့် ဥယျာဉ်ရှေ့မှာ
ချိတ်ဆွဲထားတယ် ..

ကိုယ်တိုင်ရေလောင်း
ကိုယ်တိုင်ပေါင်းသင်နဲ့
ဟုတ်ကဲ့
မြက်ခင်းပေါ်လည်း
ကျွန်တော်မနင်းပါဘူး …

ပန်းတစ်ပွင့်ဖြစ်ဖို့အတွက်
မျိုးစေ့တွေကို
မြေမြှုပ် ဂူသွင်းပစ်ရတာတော့
ကျွန်တော်  စိတ်မကောင်းပါဘူး ..
လိပ်ပြာဖြစ်ဖို့အတွက်တောင်မှ
ပိုးတုံးလုံး ဘဝတုန်းကစ
အနှိမ်ခံခဲ့ရတာပဲလေ
မျိုးစေ့တို့ .. ကျွန်တော့်ကိုနားလည်မှာပါ

ဥယျာဉ်ထဲ
လျှောက်သွားပြီး
ငှက်တို့နဲ့ .. သီချင်းတွေ
သီဆိုညည်းနေတတ်တယ်
သူတို့ဆိုတာ .. ကျွန်တော်မသိသလို
ကျွန်တော်ဆိုတာလဲ
သူတို့သိကြမယ် .. မထင်ပါဘူး
ဒါပေမယ့် .. တူညီတာတစ်ခုကတော့
လွတ်လပ်မှု လေဟုန်ထဲမှာ
စီးမျောနေကြတယ်ဆိုတာပါပဲ ..

နွေ ..
မိုး ..
ဆောင်း ..
ဥတုသုံးခုစလုံး
ကျွန်တော့်ဥယျာဉ်ထဲမှာ
ပျော်ရွှင်ကြတယ် ..
မိုးကတော့
တခါတလေ ..
မဖိတ်ဘဲ .. ရောက်လာတတ်တယ်လေ ..
ဒါပေမယ့်
ပွဲဖျက်မိုး ..မဟုတ်ပါဘူး
စိုရုံလေး .. ဖြန်းတဲ့
မိုးပြေးလေး ပေါ့။

ကျွန်တော်လည်း
ဒီဥယျာဉ်ထဲမှာစား
ဒီဥယျာဉ်ထဲမှာသွားနဲ့ ..
နောက်ဆုံး …
အိပ်ပြန်ချိန်တို့တောင်မှ
အိပ်ရာဝင် … ပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရတယ်။

တစ်နေ့ ….
……………..
…………….
…………….
လူကြီးစုံရာနဲ့
သူမ
ကျွန်တော့်ဆီရောက်လာခဲ့တယ် ..

ကျွန်တော့်ဥယျာဉ်က
သူ့ဘက်ခြမ်း .. ကျူးကျော်လို့တဲ့…..
တဖြည်းဖြည်း .. သူ့အငွေ့အသက်တွေ
လျော့ပါးလာကြောင်း ..
သူနေထိုင်ရာကမ္ဘာက .. တစ်စစ
ကျဉ်းမြောင်းလာရကြောင်း …..
ပျော်ရွှင်မှုတွေ
တစ်နေ့တခြား
ရေမျောကမ်းတင် ဖြစ်လာရကြောင်းကို
စာစီစာကုံး တစ်ပုဒ်အနေနဲ့
ချရေးပြပါတော့တယ်။

ကျွန်တော်ကလည်း
ကျွန်တော့် ဥယျာဉ်က
ကျူးကျော်မြေတစ်ခု မဟုတ်ကြောင်း
စီကာပတ်ကုံး မဟုတ်တောင်မှ
ရင်ထဲရှိတာတွေပဲ ထုတ်ပြောနေခဲ့မိတယ် ..

ဒါပေမဲ့ သူမကတော့
ကျွန်တော်ဥယျာဉ်ကို .. ကျူးကျော်မြေအဖြစ်
တရားစွဲဖို့ .. လူကြီးတွေနဲ့သာ
တိုင်ပင်နေပါတော့တယ် ..

နောက်ဆုံး ….

ကျွန်တော်ရယ် …
ကျွန်တော့်ဥယျာဉ်ရယ် ..
လက်တစ်ကမ်းမှာ
အမှောင်အတိ ဖုံးခဲ့တဲ့
နေ့ကဒီနေ့ပါပဲ ..

ဘာလို့
ဒီဥယျာဉ်က
သူမအတွက်… ဆိုတာ
မရှင်းပြခဲ့မိလိုက်လေလဲ
ကျွန်တော်မသိဘူး …….။

သက်ထွေး
ဇွန် ၆ ၂ဝဝ၇

In: ကဗျာ Posted By: Date: Jun 14, 2010
Comment #1

အေးနော် ပြောပြလိုက်၇င် ပြီးေ၇ာ

commentinfo By: favourite2me at Jun 14, 2010
Comment #2

ကောင်းတယ်ဗျာ …။ ကိုသက်ထွေးရေးပုံရေးနည်းက ကျွန်တော့်မျက်စိထဲမှာတော့နဲနဲကွဲပြားနေသလိုပဲ….။တခြားကဗျာရေးဟန်
တွေနဲ့လေ…။ဒီကဗျာလေးလဲကောင်းပါတယ်ဗျာ..။
‘ဘာလို့
ဒီဥယျာဉ်က
သူမအတွက်… ဆိုတာ
မရှင်းပြခဲ့မိလိုက်လေလဲ’ အဲဒီအပိုဒ်လေး က ကဗျာတစ်ပုဒ်လုံးကို အသက်
ဝင်သွားစေတယ်ထင်တယ်…။

commentinfo By: naynyo23 at Jun 14, 2010
Comment #3

ပုံပြင်နားထောင်ရသလိုပဲ ကဗျာထဲက ဥယျာဉ်မှူးနဲ့ နီးနီးလေးရှိသလိုဖြစ်သွားတယ်..

ပန်းတစ်ပွင့်ဖြစ်ဖို့အတွက်
မျိုးစေ့တွေကို
မြေမြှုပ် ဂူသွင်းပစ်ရတာတော့
ကျွန်တော် စိတ်မကောင်းပါဘူး ..
လိပ်ပြာဖြစ်ဖို့အတွက်တောင်မှ
ပိုးတုံးလုံး ဘဝတုန်းကစ
အနှိမ်ခံခဲ့ရတာပဲလေ
မျိုးစေ့တို့ .. ကျွန်တော့်ကိုနားလည်မှာပါ

အတွေးလေးတွေက တကယ်လှပါ့..
(:

commentinfo By: ဖြိုးဖြိုး at Jun 29, 2010
Comment #4

ပန်းတစ်ပွင့်ဖြစ်ဖို့အတွက်
မျိုးစေ့တွေကို
မြေမြှုပ် ဂူသွင်းပစ်ရတာတော့
ကျွန်တော် စိတ်မကောင်းပါဘူး ..
လိပ်ပြာဖြစ်ဖို့အတွက်တောင်မှ
ပိုးတုံးလုံး ဘဝတုန်းကစ
အနှိမ်ခံခဲ့ရတာပဲလေ
မျိုးစေ့တို့ .. ကျွန်တော့်ကိုနားလည်မှာပါ

commentinfo By: Wa Na at Sep 16, 2014
Comment #5

ကျူးကျော်မဟုတ် ပါ ဘိုးပိုင် မြေပါ……………..နောက်တာ
Great Poem……………………..

commentinfo By: moegyi at Sep 18, 2014
Comment #6

မျက်စိလည်ပြီး ဒီကဗျာဆိုဒ်လေးကို ဝင်ဖတ်မိပေမဲ့ သဘောကျသွားပြီဗျာ။

commentinfo By: Aung Ko Ko at Sep 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment