Professional Authors

ချန်ထားရက်သူရေ..

နွေဦးလေပွေအဝှေ့ မှာ..ဝေ့ ဝဲလွင့်လာတဲ့ရော်ရွက်ဝါလေးဟာ..ငါပါ..

အဲဒီ..အလေအလွင့်လေးကိုမှ

အိမ်မက်တွေပေးခဲ့တယ်မဟုတ်လားချစ်သူ…

ငြိမ်သက်မနေသေးတဲ့အဖြစ်တွေကို.

အသစ်တစ်ဖန်ဖြစ်စေဖို့…အချစ်ကျန်ရစ်ကြီးကိုလာပြန်ကြည့်တာလား…

ချန်ထားခဲ့ပြီးမှတော့…ပြန်သနားငဲ့ကြည့်မနေပါနဲ့တော့

မင်းအတွက်နဲ့

ရန်များတဲ့ခရီးတွေလည်းရောက်ခဲ့တယ်.

ဥာဏ်များတဲ့မီးတွေလည်းတောက်ခဲ့တယ်..

ဒါပေမယ့်

တို့နောက်ကျခဲ့ပါတယ်..

ကိုယ့်လောက်မလှတဲ့…တခြားတစ်ယောက်ရင်ခွင်ထဲကနေ

ကိုယ့်ဘက်ကိုပြန်လှည့်မကြည့်ပါနဲ့တော့

ပြီးတာတွေလဲ…ပြီးပါစေတော့လေ…

In: ကဗျာ Posted By: Date: Jun 13, 2010
Comment #1

မျှဝေခံစားပေးသွားတယ်နော်….။ကဗျာလေးကဖတ်လို့ကောင်းပါတယ်..။တစ်ပုဒ်ပဲရေးတော့မှာလား…။
အပျင်းထူပုံရတယ်…။ဟီးးးးး။

commentinfo By: naynyo23 at Jun 13, 2010
Comment #2

နဘေတွေ ယူထားပုံ အရမ်းလှပါတယ် …
စကားလုံးလည်း ကြွယ်လိုက်တာမှ ….

ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရေးတဲ့ ပုံစံမျိုးက အချိုးကဗျာ ပုံစံရေးထားတာပါ။ လေးချိုးတွေ များပါတယ်။ အဲဒါမျိုးရေးချင်တာဆိုရင်တော့ လေးချိုးပုံစံ မဝင်ဘူး ဖြစ်နေတယ် နော်လေး ….
မြန်မာကဗျာဆိုတာ ဂျို (ချို) နဲ့လား ဆိုတဲ့ ဆောင်းပါးတွေ ကျနော်ရေးထားပါတယ် … အဲဒီမှာ ဖတ်ကြည့်ရင် လေးချိုး ရေးပုံရေးနည်းကို သိသွားပါလိမ့်မယ် …
ဒီမှာတော့ အပြည့်အစုံ ပြန်မတင်ရသေးပါဘူး … ကျနော့် ဘလော့ဂ်မှာ ဖတ်ကြည့်ပါနော် …

http://harrylwin.blogspot.com/2008/09/blog-post_05.html0

မြန်မာကဗျာဆိုတာ ဂျိုနဲ့လား (၁၀) – အချိုးကဗျာများ ဆိုတဲ့ အကြောင်းကနေ စဖတ်လိုက်ရင် ဒွေးချိုး၊ တြိချိုး၊ လေးချိုး တွေရဲ့ အကြောင်းကို သိသွားပါလိမ့်မယ် … ကာရန်နဲ့ နဘေ အကြောင်းပါ သိချင်ရင်တော့ အစက သာ စဖတ်နော် … (ကြော်ငြာ)

😀

commentinfo By: harry at Jun 13, 2010
Comment #3

ဖတ်ရှူအားပေးတဲ့အတွက်..ကျေးဇူး..အထူး.တင်ရှိပါတယ်…နောက်လဲအားပေးပါအုံး..ဆက်ရေးအုံးမှာပါ…

commentinfo By: နော်ဧရာဝတီ at Jun 14, 2010
Comment #4

ကိုဟယ်ရီကိုလည်း…ကျေးဇူးအထူး..အထူး…အထူး..အထူး…(ဆောင်ပါးဖတ်ပြီးမှ..ကျေးဇူးထပ်တင်အုံးမယ်)

commentinfo By: နော်ဧရာဝတီ at Jun 14, 2010
Comment #5

ဒီကဗျာလေကိုအခုမှ ဖတ်မိတာပါ။ကဗျာလေးပုဒ်လုံးကောင်းပါတယ်။ ဒီကဗျာလေးကိုလဲကြိုက်တယ်။
ကာရန်ယူထားတာတွေလှလို့။ ကျွန်တော်အားပေးနေတယ်နော် မနော် ကြိုးစားပါ..။:P :):)

commentinfo By: naynyo23 at Jul 15, 2010
Comment #6

အားပေးသွားပါတယ်ခင်ဗျာ ..။လေးစားလျက် လူဆိုးပါ ..။ 🙂

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment