Professional Authors

ကျွန်တော် သိတဲ့ ဘဝ ပေါ့ မေမေ

မျက်လုံးမှိတ်ပြီး ၁ ကနေ ၁၀ အထိ ရေပြီး
ကျွန်တော် မျက်လုံးဖွင့် ကိုယ့်ဖာသာ ပြန်ကြည့်မိတော့
သုည လေးဖြစ်နေခဲ့တယ်..။

အလုပ်က ပြီးလို့  အနားယူ အိပ်ယာဝင်တော့
ကျွန်တော် မျက်လုံးပြန်ဖွင့်တဲ့ အချိန် …..
အလုပ်ပြန်ဆင်းရဦးမယ်.။

ငွေတွေစုလို့  အိမ်ပြန်ရောက်တဲ့ အခါ
အမေ့မျက်နှာကိုကြည့်  အိမ်လေးကိုကြည့်တဲ့အခိုက်
ကျွန်တော့်မှာ လုပ်စရာတွေ တစ်ပုံကြီးပဲအမေ
အမေ အနားယူပါ။

ဘယ်က စခဲ့မှန်း မသိတဲ့ ဘဝ မှာ
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးတော့
ကျွန်တော်တို့ မှာ ..မေးခွန်းတွေ မေးခံရတယ်

ဘာဆက်လုပ်မှာလဲ….ဘယ်လိုနေထိုင်မှာလဲ
ဘယ်အချိန်ပြီးမှာလဲ….ဘာ…ဘယ်………………………………………..

ဘဝဆိုတာ ကျွန်တော်သိခဲ့ပါပြီ
ဘ ကုံးလေးတွေ ဝ နေတဲ့…..အရာပေါ့ ဘဝဆိုတာကြီးပေါ့အမေရယ်..။

In: ကဗျာ Posted By: Date: Jun 27, 2013
Comment #1

i like it..i love it

commentinfo By: zay myo at Jun 29, 2013
Comment #2

ကောင်းတယ်ဗျာခံစားချက်လေး

commentinfo By: ကိုကို at Jun 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment