Professional Authors

မြို့ ပြလမ်းခွဲ နဲ့  အလွမ်းသမား

အလွမ်းရိုင်း……….တဲ့
မြို့ ပြလမ်းခွဲ လေးနဲ့  ဝေးခဲ့ကြတယ်

တစ်ရေထဲသောက် တစ်ရွာထဲကြီးပြင်းကြတဲ့
ချစ်သူတွေမှ မဖြစ်ခဲ့ကြတာပဲ ချစ်သူ

ပြေးကြည့်လို့  ဆွေမျိုးစပ်စရာ အမျိုး
ပြန်လည်စေ့စပ်မယ့် ကာလသားခေါင်း
ရှားပါးတဲ့ ….လမ်းခွဲလေးမှာ ဝေးခဲ့ကြတယ်

ရွာထိပ်မှာထိုင် နွားလေးကျောင်းလွမ်းချင်ပါသေးတယ်..ချစ်သူ
အခုတော့ ကွန်ပြူတာရှေ့ ထိုင်..ကီးဘုတ်လေးနှိပ်
ဘီယာလေးစုပ်…သီချင်းလေးဖွင့် ဆိုတော့
ခုခောတ်တော့…..ကွာ

ဒါပေမယ့် ချစ်သူ.ဘယ်နေရာမှာ နေနေ
လွမ်းတာတော့ စာလုံးပေါင်းတူနေလိမ့်မယ်။

အခုတော့ ..ငါ…အလွမ်းသမားကြီးပေါ့ကွယ်….။

In: ကဗျာ Posted By: Date: Jun 26, 2013
Comment #1

ဒါပေမယ့် ချစ်သူ.ဘယ်နေရာမှာ နေနေ
လွမ်းတာတော့ စာလုံးပေါင်းတူနေလိမ့်မယ်။

LIKE

commentinfo By: အသဲကွဲမိုး at Jun 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment