Professional Authors

ဆောင်းအိပ်မက်

အမှတ်မထင် ဆုံဖြစ်ခဲ့ကြတယ်

ရင်ထဲကို သူတိုးဝင်လာတယ်

့ပြန်ထွက်သွားတော့လည်း

မတားဖြစ်ခဲ့ဘူး……………..မေ..

 

ရခဲ့ဘူးတဲ့

ချစ်ချင်းတရားတွေ

တန်ဖိုးများလှပါတယ်

ရုပ်သိမ်းသွားတဲ့အချိန်

တ,သမိသူကို

အပြစ်မယူပါနဲ့…………..မေ…

 

မက်ချင်သလောက်

ဆက်မက်နိုင်တဲ့

ဆောင်းအိပ်မက်ရှည်တဲ့လား………..မေ

 

သူပေးတဲ့ နာမည်လှလှလေး

ဝင်္ကဝုတ္တိအလင်္ကာတွေ

ပြည့်နှက်………လို့…

 

ဒါပေမဲ့………….မေ

ဒီအိပ်မက်ကို ဆက်မက်ဖို့လေ

နိုးမထချင်တော့ဘူး…………..

ဆိုတဲ့အကြောင်း

မေ သိအောင်လေ

အခွင့်ရရင် ပြောပြချင်တယ်…………..

 

ခင်မင်လေးစားလျက်

လေပြေ

In: ကဗျာ Posted By: Date: Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment