Professional Authors
ယမင်းရုပ်ကလေး
မီးပြတိုက်မရှိတဲ့ ကျောက်ဆောင်ဆီ
ယောင်လို့ ထပ်သွားမိတယ်
ရှင်ဟာ ပင်လယ်လိုပဲ
လှည့် စားတတ်တယ် … ။
ရှင့် ရဲ့ လက်ထဲကျခဲ့တဲ့ကျွန်မဟာ
နေကြာပန်းလေးတစ်ပွင့်လိုပါပဲ
နေလောင်ဒဏ်တွေကြားမှာ
ရုန်းရင်းဆန်ခတ်နဲ့  လှပတင့်တယ်ခဲ့တယ် … ။
ပိုးသားလက်ဖ၀ါးနဲ့ 
ကျွန်မဘ၀ကိုခြွေချ
အကြိမ်ကြိမ် အခါခါ
သေခဲ့ရတယ် … ။
ရှင်စေလိုရာစေ
တော်ရာမှာနေ
ယမင်းရုပ်ကလေးပါ … ။
In: ကဗျာ Posted By: Date: Jun 24, 2013
Comment #1
i like ရှင့် ရဲ့ လက်ထဲကျခဲ့တဲ့ကျွန်မဟာ
နေကြာပန်းလေးတစ်ပွင့်လိုပါပဲ
နေလောင်ဒဏ်တွေကြားမှာ
ရုန်းရင်းဆန်ခတ်နဲ့  လှပတင့်တယ်ခဲ့တယ်
commentinfo By: cynthia at Jun 24, 2013
Comment #2
ရှင်စေလိုရာစေ
တော်ရာမှာနေ
ယမင်းရုပ်ကလေးပါ … ။
i also like that
commentinfo By: cynthia at Jun 24, 2013
Comment #3
Thz Cynthia 🙂
commentinfo By: loafer at Jun 25, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment