Professional Authors

တရားခံ ဘယ်သူလဲ


တရားခံ ဘယ်သူလဲ

 

 

ဂိမ်းတခု ဖွဲ့စည်းထားတဲ့ အားကစားခုံပေါ်မှာ

 

ကျားကွက်ရွေ့နေတာ မဟုတ်ပါဘူး…

 

ကျားကွက်ရွေ့သလို

 

လူကွက်တွေ ရွေ့နေတာပါ…

 

အမှန်တကယ် နှစ်ပေါင်းများစွာ လူတွေကို

 

အဆင့်တခုသို့ ရောက်ဖို့

 

လူမြင်ကွင်းကို ရောက်အောင်ပို့

 

Popular ဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို

 

ဝိုင်းဖွဲ့ ကြက်တိုက်ပေးတတ်တဲ့

 

သူတို့ လက်အောက်မှာ

 

ငါတို့အားလုံး နေခဲ့ရတာပါ….

 

ဒါတွေ အားလုံး မမေ့ပါနဲ့

 

ဘယ်သူ မှန်တယ်….

 

ဘယ်သူ မှားတယ်ဆိုတာ

 

ချက်ချင်း ဆုံးဖြတ်ပေးလို့ ရတာ မဟုတ်ပါဘူး….။

 

 

တကယ်တော့…..

 

စစ်မြေပြင်မှာ ဘယ်သူတွေလဲ

 

နှစ်ဖက်လုံး ပြန်ကြည့်ပါ

 

အချင်းချင်းတွေ မဟုတ်လား…

 

ဘယ်သူပါလာလို့လဲ သူတို့ မပါလာပါဘူး…

 

သေခြာ စဉ်းစားကြည့်ပါ….

 

နဘေးက ပွဲကြည့်နေတဲ့ သူတွေရှိတယ်

 

အချင်းချင်း ခံစားချက်တွေ တိုက်ပွဲဖြစ်

 

အမျက်ဒေါသတွေ ဖွင့်ဟ

 

တင်းမာမှုတွေ ပြည့်ကျပ်လို့

 

သမိုင်းတခုက အမည်းစက်သာ

 

ထင်ကျန်ရင်း အရိပ်တခု ဖြစ်ခဲ့ရတယ်…။

 

 

ဒါပေမဲ့…

 

လူဆိုတာ အသိုင်းအဝိုင်းနဲ့

 

တည်ဆောက်ထားတာပါ

 

သူ့ အသိုင်းအဝိုင်း

 

ကိုယ့် အသိုင်းအဝိုင်းဆိုတာ ရှိတယ်

 

မင်းမှားရင် မင်းခံရလိမ့်မယ်

 

သူမှားရင် သူခံရလိမ့်မယ်

 

အမှန်ဆိုတာ ဘာလဲလို့ မေးလာကြလိမ့်မယ်….။

 

 

အမှန်တရားဆိုတာ

 

ခံစားချက် တကိုယ်ဆန်မှု

 

အမျက် ဒေါသနှင့် တင်းမာမှုတွေရဲ့

 

အခြားမဲ့မှာ တည်ရှိနေတဲ့ အရိပ်စစ် တခုပါ….။

 

 

တခုတော့ ရှိတယ်

 

အားလုံး မှတ်ထားပေးပါ

 

ကိုယ့်မှာ ရှိတဲ့ အမှားကို

 

အမှန် မမြင်နိုင်သမျှ ကာလပတ်လုံး

 

ကိုယ်ဟာ ကိုယ့် သမိုင်းရဲ့

 

အဓိက တရားခံ ဖြစ်တယ်…..။

 

 

 

 

တက္ကသိုလ်မြတ်မင်း

 

http://www.venpunnavamsa2.com

In: ကဗျာ Posted By: Date: Jun 22, 2013
Comment #1

kaung dal … i like that

commentinfo By: cynthia at Jun 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment