Professional Authors

ဈေးသည် ထောင့်ချိုး ………………. ချီရွန် ( ပုလဲ )

“ ဈေးသည် ထောင့်ချိုး ”

 

လက်မှတ်လေး အလှချိတ်ပြီးကတည်းက စခဲ့တဲ့ ကစားပွဲတွေပါပဲ

အဝတ်တစ်ထည် ကိုယ်တစ်ခုစီနဲ့တုန်းက အိပ်မက်ချင်း လဲစီးရတာ အမော

နောက်ဖဲတစ်ချပ် ဝေလိုက်တော့ … သူသူငါငါ အောက်ရှိပုံအော ရင်းလိုက်ကြ

ဆေးလိပ်ဖွာတယ်

ချွေးသုတ်တယ်

ဒူးနှံ့တယ်

မထိတရိ ပြုံးတယ်

အံကပ် လဲတပ်တယ်

အ ….. လျော် …… အ ….. စား

 

အဲဒီနေ့ကစပြီး ကစားပွဲဟာ ခေါင်းစဉ် အမျိုးမျိုး ပြောင်းလာခဲ့တော့တာပဲ

အသိမ်မွေ့ဆုံးနဲ့ ကောက်ကျစ်ရက်စက် နင်းခြေကြ

နှုတ်ဆက်လိုက်တဲ့ လက်ဖဝါးချင်း သွေးစိမ်းထွက်အောင် ညှို့ကြ

မျက်နှာတွေမှာ ဗလာစာရွက် ကပ်ပြီး ကိုယ်တိုင်ရေး ပုံ မတူ ဆွဲကြ

နှစ်ယောက်ဆင့်ပြီး ခူးရတဲ့ စပျစ်သီး .. ထမ်းထားတဲ့လူအတွက်  “ ချဉ်တယ် ”

မြေစိုင်မြေခဲများကို တူးဖော် စိုက်ပျိုးရင်း ဒီဇာတ်ညွှန်းကို ယဉ်အောင် ထပ် သိုက်တူးကြ

ယဉ်ကျေးမှု အရ ……. ဖိနပ်ချွတ်ပါ ….  ငတေ စော်နံတယ်

 

လမ်းရဲ့ အပျော့ အမာကို ငုံ့ကိုင်းကြည့်တဲ့ နေ့က မြေပုံ ပျောက်သွားတယ်

စာရွက်နဲ့ ခဲတံ ရှိရဲ့ မဟုတ်လား ….

လမ်း +  ခြေထောက် = ခရီးရောက်

မောင်ပေါက်ကျိုင်းဟာ အသက်ရှုတာလေး သင်ပေးခဲ့ဖို့ ကောင်းတယ်

တခါတခါ စကားတွေကို မြေတောင်မြှောက်ပေးရတာ လက်ပေါက်ကပ်လို့

 

နောက်ကျနေပြီ

ကိုယ့်ကိုကိုယ် ထုခွဲရောင်းချပြီး သူခိုးဈေးက ပြန်လာခဲ့တယ်

ခမ်းခမ်းနားနား အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီးပြီ

မနက်ဖြန် …. ကံကြမ္မာ ရောင်းရန် ရှိသည်

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 22, 2013
Comment #1

နှစ်ယောက်ဆင့်ပြီး ခူးရတဲ့ စပျစ်သီး .. ထမ်းထားတဲ့လူအတွက် “ ချဉ်တယ် ”

……………………………………..
~~~….ကောင်းလိုက်တာ….~~~

commentinfo By: နွေ at Jun 22, 2013
Comment #2

နွေ …. ဖတ်ရှုအားပေးသွားလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ

commentinfo By: ChIr0N at Jun 22, 2013
Comment #3

အရမ်းကောင်းတယ်

commentinfo By: ချစ်မင်းဝိုင် at May 11, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment