Professional Authors

ကဗျာ=မင်း

ကဗျာဟာ
ငါ့ခံစားချက်ဖြစ်သလို
မင်းဟာ
ငါ့ခံစားချက်ကို ဖြစ်ပေါ်စေသူ။
ကဗျာဟာ
ငါ့နှလုံးသားဖြစ်သလို
မင်းဟာ
ငါ့နှလုံးသားကို လှုပ်နိုးနိုင်သူ။
ကဗျာဟာ
ငါ့ရှင်သန်ခြင်းဖြစ်သလို
မင်းဟာ
ငါ့ရှင်သန်ခြင်းကို ဆက်လက်အသက်ဆက်သူ။
ကဗျာဟာ
ငါ့အသက် ဖြစ်သလို
မင်းဟာ
ငါ့ရဲ့ ရှင်ခြင်း သေခြင်းကို ပိုင်စိုးသူ။  ။

(ချစ်တဲ့ထူးအတွက်……..)

In: ကဗျာ Posted By: Date: Jun 21, 2013
Comment #1

ကဗျာ=ငါ=မင်း

commentinfo By: because at Jun 23, 2013
Comment #2

ကဗျာဟာ
ငါ့အသက် ဖြစ်သလို
မင်းဟာ
ငါ့ရဲ့ ရှင်ခြင်း သေခြင်းကို ပိုင်စိုးသူ။ ။

cute ..LIKE

commentinfo By: အသဲကွဲ မိုး at Jun 23, 2013
Comment #3

စာသားလေးတွေက မိုက်တယ်…
ကဗျာနဲ့ မင်း ဟာ ငါ့ ဘ၀ပါ

commentinfo By: may zune at Jul 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment