Professional Authors

ပုံပြင်

ကျွန်တော့်ညီလေးဆွဲခဲ့တဲ့
သစ်ပင်လေးဟာ
ခုတော့ သစ်ရွက်တွေ ကြွေနေပြီ ။

ရထားတစ်စီးပြီးတစ်စီးဆိုက်ခဲ့ပေမယ့်
မေမေမျှော်နေတဲ့ ညီမလေးရဲ့အသံက
အိမ်တံခါးကို
ဘာမွှေးရနံ့နဲ့မှ မနှုတ်ဆက်ဘဲထွက်ခွါ ။

တိုင်ကိုခေါင်းနဲ့ပြေးဆောင့်လို့နာတဲ့
ဝေဒနာကို
ဝမ်းနည်းလို့ငိုနေတဲ့ကျွန်တော်တို့
ကြေကွဲခြင်းကဖုံးအုပ်
ဖေဖေ၊မေမေ၊ကျွန်တော်
ပြိုင်တူငိုနေတဲ့ မြစ်သုံးစင်းလေ ။

ကြေးစည်သံတွေကို
နေ့ခင်းကြောင်တောင်မကြားနိုင်ဘူ
မေမေကတော့
လူမသေဘူးဆိုတဲ့ မုန်ညင်းစေ့ကို
အခုထိလိုက်ရှာဆဲ……. ။. ။

တိုးနှောင်မိုး
မေလ/မြားနတ်မောင်/၂၀၀၂

In: ကဗျာ Posted By: Date: Jun 15, 2013
Comment #1

ခုတော့လည်းအရာရာဟာသူ့နေရာနဲ့သူ…..

commentinfo By: moezat at Jun 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment