Professional Authors

ငါ့ကို ရူးတယ်ပြောချင်ပြောပါ…

အနမ်းတွေနဲ့ ကျူးရင့်ခွင့်မရရင်တောင်
အလွမ်းတွေနဲ့ စူးနင့်ခွင့်တော့ရချင်တယ်

မွေးရနံ့တွေ ရှုရှိုက်ခွင့် မရတောင်
လမ်းတစ်ဖက်ကနေတော့ ငါငေးကြည့်ခွင့်ရနေချင်တယ်။

တားမြစ်ခွင့်တို့ မရှိတောင်
ဆွေးမြေ့ခွင့်တော့ ငါ့ကိုပေးပါကွယ်..

ချင်ချင်းတပ်ရင် အာသာပြေမှ
နေသာထိုင်သာရှိတဲ့ လူ့သဘာဝကြောင့်
ဒီတစ်သက်တော့ ငါရင်နင့်ဖို့အကြောင်းဖန်ခဲ့ပြီပေါ့…

သတိရတိုင်း ဆွေးမြေ့စွာ ငိုလေ့ရှိလို့
ငါ့ကိုရူးတယ်ပြောချင်ပြော
နှလုံးသားထဲမှာ မျက်ရည်စမ်းရေ စီးဆင်းမြဲပဲကွယ်

In: ကဗျာ Posted By: Date: Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment