Professional Authors

ရတနာပုံဆိုင်ဘာစီးတီးညနေခင်း

လျှောက်နေကျ မြေနီလမ်းမှာ

မလှမ်းဝံ့ လှမ်းဝံ့….

ဟိုးအဝေးက မီးရောင် တလက်လက်နဲ့ မန္တလေးရယ်……..

တောင်စောင်းမှာ ပြေလျှောကျနေတဲ့

ဗဟိုဝန်ထမ်းတက္ကသိုလ်ရယ်…………

မနှိုးရက် နှိုးရက်

အိပ်မောကျနေတဲ့ တောင်တန်းတွေက အထပ်ထပ်………

အလင်းလွန်း ၀င်းလွန်းတဲ့ ချစ်သူလမ်းကြား

နေမင်းကြီးတောင် နောက်ဆုံးသော အလင်းကို

တလက်လက်ဖြာစေခဲ့ပြီ………

အနီးအနားက တောင်ကတုံးတောင်

စိမ်းလန်းလို့

တရိုင်းရိုင်းပေါက်နေတဲ့

သပြေပင်တန်းတွေနဲ့……..

ဟိုးတောင်ထိပ်ပေါ်က

မှိတ်တုတ်မှိတ်တုတ်နဲ့ အသက်ဝင်ဖို့ကြိုးစားနေတဲ့

ပြင်ဦးလွင်ကလည်း သူ့အားနဲ့သူ ကြုံးရုန်းထလို့….

နုပျိုတက်ကြွနေတဲ့ အနာဂတ်လူငယ်တွေရယ်

ကျီးခြေရာ အထပ်ထပ်နဲ့ အသေကောင်တွေရယ်

ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကတောင်

အမှောင်ကို ကာကွယ်ဖို့ မီးတမွှေးမွှေးနဲ့……။

 

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment