Professional Authors

မြိုသိပ်ခြင်း

 

ရင်ထဲက လှိုက်တက်လာတဲ့ မီးခိုးတို့ကို

ခေါင်တိုင်ကိုယ်တိုင်က မြိုချပစ်လိုက်လို့

ကောင်းကင်တောင် ပြိုခွင့်မရလိုက်ဘူး….။

 

အထီးကျန်ခြင်းဟာ

နောက်ကျောက ထိုးတဲ့ဓားလို

ခပ်နက်နက်စိုက်ဝင်ခဲ့…..။

 

စိတ်က

တဖြည်းဖြည်းဝေး ဝေးသွားတဲ့

မြင်းခွာသံ တရှပ်ရှပ်နောက်

ကဆုန်းက၀ါးပြေးလိုက်တာ

အလူးလူးအလိမ့်လိမ့်….။

 

ရုပ်က

နေရာမှာပဲ ရပ်နေတာ တလှမ်းမှ မရွေ့ဘူး

ရှေ့မှာ ကာနေတဲ့ တံတိုင်းကလည်း

ဖြိုဖို့ခက်တယ်လေ…..။

 

တလှပ်လှပ်ငုံသင်းနေတဲ့

ဟိုးရှေ့က စံပယ်ရုံတွေတောင်

ခေါင်းစိုက်လို့….

ရင်ထဲမှာ ကျွမ်းထိုးနေတဲ့ ပိုးလောက်လန်းကို

ပင်လယ်အထပ်ထပ်အောက် ထိုးမြုပ်ပစ်လိုက်တယ်……။

 

အပြုံးတုအောက်မှာ

တ၀ုန်းဝုန်းထနေတဲ့ ရမ္မက်

လည်ချောင်းအပြင် ထွက်ကျဖို့ ကြိုးစားတယ်…..

အတိတ်မှာ ခမ်းနားကြီးကျယ်ခဲ့သမျှ

အခုတော့

တံတွေးတချက်အောက်မှာ အရာရာ ဆိတ်သုန်းလို့……………။

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

အပြုံးတုအောက်မှာ

တ၀ုန်းဝုန်းထနေတဲ့ ရမ္မက်

လည်ချောင်းအပြင် ထွက်ကျဖို့ ကြိုးစားတယ်…..

အတိတ်မှာ ခမ်းနားကြီးကျယ်ခဲ့သမျှ

အခုတော့

တံတွေးတချက်အောက်မှာ အရာရာ ဆိတ်သုန်းလို့……………။

ဒီအပိုဒ်လေးကို သဘောကျတယ်ဗျ

commentinfo By: neutralluyie at Jun 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment