Professional Authors

ဗလာ

 

ဘယ်မှာလဲ ငါ့နားခိုရာ

ဇရပ်အို တခုတလေများ တွေ့မလားလို့

မိုးသည်းထဲမှာ တောင်တောင်အီအီ လျှောက်ရှာမိတယ်…

ငါ မျက်ရည်တစက်ကျတယ်

နင်မမြင်လိုက်ဘူး လျှပ်စီးတွေသယ်သွားရလောက်အောင်

မှောင်မိုက်နေခဲ့တာကိုး….။

ပေးဆပ်လိုက်သမျှတန်ဖိုးတိုင်းဟာ

အလှူအိမ်တခုရဲ့ တံခါးကြားက ဖိနပ်ပဲ့လို

ပိန်မသာ လိမ်မသာနဲ့….။


လွမ်းတယ်

အချစ်ကြောင့် ခမ်းနားကြီးကျယ်ခဲ့တဲ့ နှုတ်ခမ်းတစုံကို

လွမ်းတယ်

တန်ဖိုးမဲ့စကားတွေ တသွင်သွင် ပဲ့တင်ခဲ့တဲ့ ဒီတောင်တန်းတွေကို

လွမ်းတယ်

ရေစီးကြောင်းထဲမျှောပါခဲ့တဲ့ ပြန်လမ်းမဲ့ဗေဒါတွေကို

လွမ်းတယ်

တချက်ချက်ခုန်ခဲ့ဖူးတဲ့ အတိတ်ရင်ခုန်သံတွေကို

လွမ်းတယ်

ငါ မော်ဖူးခွင့်မရခဲ့တဲ့ နင့်အသက်ရှူသံကို……..။


ဖြိုးဖျဖျ နွားရိုင်းသွင်းချိန်မှာမှ

လာရောက်နှုတ်ဆက်ခဲ့တဲ့ ခရီးသည်ရေ…

အလွမ်းတ၀က်စာ ရာသီတွေ တပတ်လည်ခဲ့ပြန်ပေါ့

ကျန်တ၀က်ကတော့ မီးအိမ်လက်ဆွဲ ဆက်လက်တမ်းတ…ရှာဖွေ….

ဗလာ…ဗလာ…

 

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment