Professional Authors

သူငယ်ချင်း

 

မျက်ရည်တွေ အပြည့်အသိပ်ထည့်ထားတဲ့ ပုလင်းတလုံး

ဘယ်လောက်ပဲ ကြမ်းကြမ်းတမ်းတမ်း စီးခဲ့ပစေ

ပင်လယ်ထဲရောက်ရင်တော့ ပျော်ဝင်ရတာပဲ…။


လေးတွဲ့တွဲ့ သက်ပြင်းချသံက

ဆောင်းညကကြိုးတို့ကို နိုးထစေခဲ့ပြီ….

ဘ၀ရုပ်သေးစင်မှာ ယိမ်းနွဲ့ကခုန်

တင်းကျပ်လွန်းတော့လည်း ထောင်းခနဲ ပြတ်တောက်ဖို့ လွယ်ကူတာပေါ့….။


ငါ့ရဲ့ ဆိုးယုတ်ခြင်းတို့ရောက်ရှိရာအရပ်

ငါ့နှလုံးသွေးတို့ ဆန်တက်ရာအရပ်

င့ါရဲ့ ပေကန်ယျာကန် ပြစ်ချက်တွေ ရှိရာအရပ်

အဲ့အရပ်မှာပဲ

ငါဟာ လရိပ်တခုအောက် ခိုခဲ့ဖူးတယ်

နှင်းဆီဖြူတခင်းစာ စိုက်ပျိုးခွင့် ရရှိခဲ့ဖူးတယ်

ပြိုးပြက်ပြက်ရာသီကြားက အလင်းသစ်တခုကို တွေ့ခဲ့ဖူးတယ်…..။


တခါတလေ

နယူကလီးယားကျိန်စာထက်

ဆောင်းရာသီ အသားပတ်တာကို အရေးတယူ လုပ်ခဲ့ဖူးသူ

အနာဂတ်မဆန်တဲ့

ရေမှော်ပင်တန်းတွေကို စိုက်ပျိုးချင်သူ

မင်းရဲ့ တတိယလူသာ ငါဖြစ်ချင်တော့တယ်….။

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

တခါတလေ

နယူကလီးယားကျိန်စာထက်

ဆောင်းရာသီ အသားပတ်တာကို အရေးတယူ လုပ်ခဲ့ဖူးသူ

အနာဂတ်မဆန်တဲ့

ရေမှော်ပင်တန်းတွေကို စိုက်ပျိုးချင်သူ

မင်းရဲ့ တတိယလူသာ ငါဖြစ်ချင်တော့တယ်….။

ချစ်စရာလေးဗျာ.. အားပေးလျှက်ပါ

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment