Professional Authors

လောက

 

ကံအကြောင်းက ကောင်းချင်မှကောင်းမယ်

လမ်းကြောင်းကတော့ ကောင်းခဲ့ပါတယ် ကလေးရယ်

မန်ကျည်းညွန့်တွေဝေတော့မှ စာအုပ်ကောက်ကိုင်တတ်တဲ့

မင်းအကျင့်ကို ငါဘယ်လိုပြင်ရပါ့မလဲ…..။


လူ့လောကက မင်းထင်သလောက် မရိုးစင်းဘူး

မင်းကို ထားပစ်ခဲ့တဲ့ မင်းမိဘနှစ်ပါးက အစပေါ့

ပညာမတတ်လည်း ထမင်းစားရတယ်ဆိုတာ မှားတယ်

ပညာတတ်မှ ထမင်းစားရတယ်ဆိုတာလည်း မှားတယ်

ဝါသနာပါတဲ့လမ်းကြောင်းတခုနောက် မတ်မတ်လိုက်နိုင်ဖို့

မင်းဘေးက ကောက်ရိုးတမျှင်ကလည်း

ကျန်းမာရေး ချူချာတယ်…။


ယိမ်းနွဲ့နေတဲ့ ဒီဓားတောင်တန်းတွေရဲ့ ဟိုးတဖက်မှာ

ငရဲတွင်းတတွင်းရှိကြောင်း မင်းကြိုသိရင်

ဒီအရေတွန့်လက်တွေရဲ့တန်ဖိုးကို မင်းသိလာမှာပါ

အခုလောလောဆယ်တော့

အရာအားလုံးကိုသိဖို့ ကလေး ငယ်ပါသေးတယ်….။

 

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

ယိမ်းနွဲ့နေတဲ့ ဒီဓားတောင်တန်းတွေရဲ့ ဟိုးတဖက်မှာ

ငရဲတွင်းတတွင်းရှိကြောင်း မင်းကြိုသိရင်

ဒီအရေတွန့်လက်တွေရဲ့တန်ဖိုးကို မင်းသိလာမှာပါ

အခုလောလောဆယ်တော့

အရာအားလုံးကိုသိဖို့ ကလေး ငယ်ပါသေးတယ်….။

LIKE LIKE LIKE

commentinfo By: အသဲကွဲ မိုး at Jun 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment