Professional Authors

ရန် ကုန် မိုး

ရန် ကုန် မိုး
………….(ကျော်ဆန်းဦး)

လူတဖွဲဖွဲကျနေတဲ့

မနက်ခင်းတို့အရပ်မှာ ငါရှိမယ်

ထီးတစ်ချောင်းနဲ့

လွယ်အိတ်တစ်လုံးနဲ့

အပူဆုံးကော်ဖီတစ်ခွက်နဲ့

သက်တန့်တစ်ခုကိုကောင်းကင်မှာချိတ်ဆွဲထားတယ်

ငါနဲ့အတူ

လမ်းပေါ်အိပ်လမ်းပေါ်စား

တိမ်တစ်ချို့တစ်ဝှက်လည်းပါတယ်

လိုအပ်ရင်လေထန်ဖို့ လေဆင်နှာမောင်းတစ်ချို့ အပျင်းပြေ ထည့်ယူလာတယ်

မကြောက်ပါနဲ့ လိုအပ်ချက်အရပါ

လောလောဆယ်

မုန်ုတိုင်းကိုတော့ အိန္ဒိယသမုဒ္ဒရာရဲ့အဝေးဆုံးကိုပစ်ထားခဲ့ပါပြီ

သင်တို့အတွက်

ကမ္ဘာလောကကြီးဟာ

ဖာသာနေရင်းနဲ့ကို ချစ်ဖို့ကောင်းလာပါလိမ့်မယ်၊၊ ၊၊

(မှတ်ချက်၊၊ ၊၊ရန်ကုန်မိုးမဟုတ်ပါ… ရန်..ကုန်…မိုး ပါ)

In: ကဗျာ Posted By: Date: Jun 5, 2013
Comment #1

so sweet

commentinfo By: ei lay at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment