Professional Authors

ဖြစ်တည်မှု….

ငါ့ရဲ့ချစ်ခြင်းက
အနှိုင်းမဲ့ချစ်ခြင်းတော့
မဟုတ်ဘူး
ဒါပေမယ့်…..
ငါတတ်နိုင်သမျှ
ပေးဆပ်ပြီး
နင့်လိုအင်တွေ
ဖြည့်ဆည်းပေးရုံတင်ပါ။

ငါ့ရဲ့ နာကျင်ခြင်းက
ရင်ဘတ်ကိုလှိုက်စား
အတွင်းထိတော့
မ၀င်ရောက်ဘူး
ဒါပေမယ့်…..
တဆစ်ဆစ်ကိုက်ခဲ
လုံးဝမပျောက်ကင်းနိုင်တဲ့
နာတာရှည်ရောဂါသည် တစ်ယောက်လိုပါ။

In: ကဗျာ Posted By: Date: Jun 5, 2013
Comment #1

နာကျင်တယ် လို့ ခံ စားနေ ရ ရင် မချစ် ပါါ နဲ တော့

commentinfo By: ei lay at Jun 6, 2013
Comment #2

ပေးဆပ်ခြင်းများစွာဖြင့်……

commentinfo By: moezat at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment