Professional Authors

ချာတိတ် … သို့ 

ဇာတ်ရည်မလည်တဲ့ 
နုံတုံတုံ အတတနဲ့ ချာတိတ်
ခေါင်းပိတ်ခေါက်ပြီး
ချစ်တယ်ပြောဖို့ 
တိုင်ပေးလိုက်ချင်တယ် … ။

ဆရာမလိုပဲ
သင်ကြားခဲ့ရတဲ့ အချစ်
သူနဲ့ မှအမှတ်ပြည့်ရမည်ထင်
ဒီရင်ခွင်တွင်
ထာဝစဉ်
ခိုနားစေချင် … ။

အဖြူမစင်တဲ့ ဆည်းဆာဟာ
သိပ်ကို လွမ်းစရာကောင်းတယ်
ငါ့ အချစ်ကိုစီးနင်း
နှလုံးသားသို့ ချဉ်းကပ်ဝင်ရောက်
ရင်ခုန်သံတွေကို ထွင်းထုတတ်တဲ့
ချာတိတ်ကလေး ……… ။

အကြင်နာ အနှောင်အဖွဲ့ဟာ
သိပ်နတ်ကြီးလွန်းတယ်
ရုန်းမရ ပြုမရ ..
ပင့်ကူတစ်ကောင်လို ညှို့တဲ့
ရေဒီယိုအက်တစ် ချာတိတ်
ဖြေစရာမရှိတဲ့ အဆိပ်ဟာ
သူ့ အချစ်ဖြစ်မယ်ထင်ပါရဲ့  … ။

မမေပျိုနဲ့ ကျွန်တော်နဲ့ ရေးထားတဲ့ကဗျာလေးပါ … ။ 🙂

In: ကဗျာ Posted By: Date: Jun 4, 2013
Comment #1

ဟာဗျာာာ အတိုင်ပေါကိညီတဲ့ နဘေ ပါပဲ။ သိပ်ကြိက်သွားပြီ

commentinfo By: zawthetoo at Jun 4, 2013
Comment #2

မိုက်တယ်ကွာ…

commentinfo By: အသဲကွဲမိုး at Jun 4, 2013
Comment #3

ဒွတ်ခပဲ
ချာတိတ်တဲ့

commentinfo By: ei lay at Jun 4, 2013
Comment #4

လုပ်ကြပါ.. လုပ်ကြပါ

😛

commentinfo By: နိုးဆက် at Jun 4, 2013
Comment #5

ရဲဘော်တို့ကနော် ဒါမျိုးကျတော့ X – ray တို့ကို အသိပေးဖော်တောင်မရဘူး ကျွန်တော်မသေသေးပါဘူးဗျာ နော် မသေသေးပါဘူးလို့ ( ဝင်းဦးလေသံဖြင့်ဖတ်ရန်)
ဘယ်သူက ဘယ်အပိုဒ်ကိုရေးမှန်းတော့မသိပါဘူး အဲ့လိုတော်တာ
ကဗျာလေးက ဖတ်လို့ကောင်းပါတယ် ( ရေးတဲ့သူနှစ်ယောက်က နည်းနည်းချောင်နေပေမယ့်လည်း )
ကဗျာက တကယ်ဖတ်လို့ကောင်းပါတယ် အားပေးသွားပါတယ်ဗျာ ကဗျာလေးကို ~~

With respect,
RAY

commentinfo By: X - ray at Jul 3, 2013
Comment #6

Thz X-Ray

နောက်တစ်ခါဆိုအသိပေးပါ့မယ် ခင်ဗျာ ( ဇော်ဝမ်း၏အပြုံလေးနှင့်ပြောပါသည် ) 😛

commentinfo By: loafer at Jul 3, 2013
Comment #7

ဟင် ဟုတ်ကဲ့
မမေပျို ဖတ်သွားပါကြောင်း 😀

commentinfo By: မေပျို at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment