Professional Authors

ဝေးလွန်းမက ဝေးပါရစေသား

အဖြေရှိနေမှန်းသိပေမယ့်
မေးဖို့ချိန်ဆလိုက်တိုင်း
ငါ့လည်ချောင်းတွေ ကွဲရှလာတယ်

နှစ်သိမ့်ပေးဦလေ
အရာရာတိုင်း ငါကောင်းဖို့အတွက်ပါလို့……….
ဒါပေမယ့်
နင့်မှာ စကားလုံးမဲ့……
အဲဒီ့မျက်ရည်တွေကြောင့် ငါနင့်ကို မစွန့်လွှတ်ရက်ခဲ့တာ။

ငါ ကြွေနေရပြီလေ…..
လွတ်မယ်ထင်တဲ့လမ်းတိုင်းမှာ
နင့်အပြုံးတို့. စောင့်ဆိုင်းနေတယ်
အထီးကျန်ပါရစေတော့ကွယ်
နင်ဟာ ငါ့အတွက် အဆိပ်အတောက်တွေနဲ့ လူသားဖြစ်တယ်။


ဝဋ်ကြွေးတစ်ခုလို့သာ ငါယူဆရင်း
ယတိပြတ် အမုန်းကင်းစွာနေမှာမို့
နင် လွပ်လပ်စွာပျော်ရွှင်ခွင့်ရှိပါတယ်
သံသရာတွေလည်နေသေ၇ွ့………
ငါဟာ ဘယ်တော့မှ နင့်အတွက်. ……..
………
တစ်စုံတစ်ယောက် ထပ်ဖြစ်လာမှာမဟုတ်ဘူး။ ။

(တစိမ်းသက်သက်မို့ မတွေ့ဆုံခင် ရက်စွဲထဲမှာပဲ ငါ ပြန်နေထိုင်သွားပါ့မယ်)

In: ကဗျာ Posted By: Date: Jun 4, 2013
Comment #1

အားပေးသွားပါသည်။

commentinfo By: နွေ at Jun 4, 2013
Comment #2

ဝေးလွန်းမက ဝေးပါရစေသား

အဲသလို ဆုတောင်းချင်ခဲ့မိ ဆုတောင်းပြည့်ချင်ခဲ့မိ …. နာကျင်စွာဖြင့် အားပေးနေတယ် ကေ

commentinfo By: အသဲကွဲမိုး at Jun 5, 2013
Comment #3

အပေါ် ၃ ပိုဒ် ကတော့ ကွက်တိပဲ။
🙂
ခေါင်းစာုနဲ့ ကဗျာ နောက်ပိုင်းကတော့ လုံးဝတူဘူး
ဟိဟိ။

အရင်း နှီှး ဆုံး တစိမ့်း  ဆိုတာ အိလေးအတွက်တော့ လုံးဝ မဟုတ်ဘူး။
အာရုံနောက်တယ်။
အရင်းးနှီး ဆုံး တစိမ်း ဆိုတာ အိလေး အတွက်တော့ လုံးဝ မရှိဘူး။
😛

commentinfo By: ei lay at Jun 6, 2013
Comment #4

feel sorry….. 🙁 feel sad 🙁

commentinfo By: moezat at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment