Professional Authors

လမ်းဘေးကဖေးရဲ့ အလွမ်းပြဇာတ်

ညနေခင်း လမ်းဘေး ကဖေးလေး
အေးစက်စွာ အငွေ့ပြန်နေပြီ
ပြန်နေကျ လမ်းချိုးလေးထဲ
သူ့မျှော်လင့်ချင်းရဲ့ ဆွဲခြင်းအပြာကလေး
ဘယ်တော့များထွက်လာမလဲ…..။

စိုးရိမ်စိတ်က တထိပ်ထိပ်နဲ့
ဘယ်သူခေါ်ခေါ် ကိုယ်ကမထူးနိုင်ဘူး။
စီးကရက် အငွေ့ထဲ သက်ပျင်းတွေရောလို့ မှုတ်ထုပ်
သောက တွေ ဆေးလိပ်ပြာခွက်ထဲ ထိုးထိုးခြေ။
ခြေလက် မငြိမ် စိတ် ဂနိုင်ထဲ မြောလွင့်
သူတစ်ယောက် ဘာများဖြစ်နေပြီလဲ
“ပြန်လာသင့်ပြီလေ”

ကဖေးဆိုင်အို လေးထဲက မြင်ကွင်းထဲ
တစ်ခုခုလိုနေတာ သေချာပြီ..။
ပန်းကလေးကို လမ်းဘေးကဖေးက ငေးကြည့်ဝံသူအတွက်
အမျိုးအမည်မသိ ဝေဒနာ ညို့မှောင်အုံ့မှိုင်းနေရဲ့။

သူ့ တိတ်တခိုးနတ်သမီး ရဲ့ ဆံနွယ်ရှည်တွေ
လမ်းဘေး ကဖေးလေးရဲ့ ညနေခင်းထဲ
ဘယ်တော့မှ ၀ဲပျံမကျနိုင်တော့တာ သူသိခဲ့ရင်….
လမ်းဘေး ကဖေးလေး ကြိတ်ငိုနေရော့မလား…ပဲ..။

အငွေ့

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

ဇက်တောင်ကျိုးသွားတယ်
တိုက်ဆိုင်လွန်းလို့ ပါ

commentinfo By: puhtuzin at Jun 12, 2010
Comment #2

အဆုံးသတ်ထားပုံလေး ကြိုက်တယ်ဗျိုး ကဗျာဆရာ

commentinfo By: သက်ထွေး at Jun 18, 2010
Comment #3

ကြိုက်တယ်အစ်ကိုရေ…။အရမ်းမိုက်တယ်ဗျာ။တကယ်ကိုရင်ထဲရောက်ပါ
တယ်။အစ်ကို့ကဗျာတွေကိုအားပေးနေပါတယ်..။

commentinfo By: naynyo23 at Jun 21, 2010
Comment #4

သူ့ တိတ်တခိုးနတ်သမီး ရဲ့ ဆံနွယ်ရှည်တွေ
လမ်းဘေး ကဖေးလေးရဲ့ ညနေခင်းထဲ
ဘယ်တော့မှ ၀ဲပျံမကျနိုင်တော့တာ သူသိခဲ့ရင်….
လမ်းဘေး ကဖေးလေး ကြိတ်ငိုနေရော့မလား…ပဲ..။
အငွေ့ကဗျာတော်တော်များများကိုကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Dec 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment