Professional Authors

“ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”

                                                     “ဘယ်လို သေလိုက်ရရင် ကောင်းမလဲ”

 

“မောင်နင်နဲ့ငါ မယူရသေးဘူးလေ”

ဒါပေမယ့်ချစ်လွန်းတော့

နင်ဖြစ်ချင်တာဘာမဆို

နင်လိုချင်တာဘာဖြစ်ဖြစ်

ဖြစ်စေချင်တာငါလိုက်ဖြစ်ပေးခဲ့တာလဲနင်အသိ။

စည်းကျော်တာမကျော်တာ ငါမသိ

ဘောင်လွန်တာမလွန်တာငါမသိ

အဖိုးတန်တာ မတန်တာငါမသိ

စောင့်ထိန်းတာ မထိန်းတာငါမသိ

နင်လိုချင်တယ်ဆို နေ့ညမအချိန်မရွေး

ငါလိုက်လျောပေးခဲ့တာလဲနင်အသိ။

@@@@@@@@@@

တွေ့နေကျ နင့်အခန်းမှာ

အတူဆုံကြတဲ့တစ်ရက်

 ရိုမင်းတစ်တဲ့ တစ်ရည်သာတဲ့ဇာတ်လမ်းမှာ

ငါကမင်းသမီး နင်ကမင်းသား

အမြင့်ဆုံးဇာတ်ဝင်ခန်းကိုမှ

ကြံကြံဖန်ဖန်မှတ်တမ်းတင်ချင်ပါသတဲ့

မောင်လိုချင်တာလိုက်လျောနေကြငါ

ဘယ်သူသိတာမှတ်လို့နော်

သိပ်တော့မကြာပါဘူး

ဇာတ်ဝင်ခန်းလေးတစ်ခန်းထဲပါ

ပြီးတော့မှရှက်ရှက်နဲ့ကြည့်မိ

ဆမ်ဆောင်းဂလက်ဇီ

ကြည်မှကြည်ပါဘဲ။

“မောင်တော်တော်ကဲတာဘဲနော်”

%%%%%%%%%%%%%%%%%

ရှပ်ပြာရှပ်ပြာ နိုင်တဲ့ငါလေ

နန်းရှေ့က ၀ိုင်ကေကေအိုမှာပေါ့

ကြေးအိုးစားရင်းဖုန်းအပြော

ဗြုန်းဆိုဘေးနားက ခုံကလူကအထ

ငါကလဲလက်အရမ်း

ဗြန်းကနဲအောက်ပြုတ်အကျ

ကြမ်းပြင်ပေါ်ဒေါက်ကနဲ

ပြန်ကောက်ပြီး ဖွင့်ကြည့်တော့ ဘာဆိုဘာမှမမြင်ရ

ငါ့အသဲနှလုံးတောင်ပါသွားသလိုပါအေ။

ဈေးကြီးကြီးပေးထားတဲ့ဖုန်း

သုံးရမရ သိနိုင်ဘို့

ခဏလေးဆေးရုံတင်လိုက်တာ

သုံးလေးရက်တောင်မကျဘူး

ပြန်ရပါတယ်

သုံးသောင်းဘဲကျတယ်ဆို

တကယ်ကိုသက်သာတာဘဲနော်။

သုံးရတာလဲအရင်လိုပါဘဲ

“ကျေးဇူးပါ အိုင်တီဆရာလေးရေ”

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

မနေ့ညက အချစ်ဆုံးသောသူငယ်ချင်း

ဝက်ဆိုက်တစ်ခုရဲ့ လင့်လေးပေးလာတယ်။

“ကောင်မ နင်တော်တော်ကဲ

ဘာဘဲပြောပြော မင်းသမီးတော့ဖြစ်ပြီ”တဲ့။

သူပေးလာတဲ့ လင့်ဖွင့်အကြည့်

သေပြီဆရာ

မောင်နဲ့ကျမရဲ့ဇာတ်ဝင်ခန်း

ပီမှပီကြည်မှကြည်

ကွန်ပြူတာဖန်သားပြင်ထက်မှာ

မြင်လိုက်ရတာ

သေသာသေလိုက်ချင်ပါတယ်။

အဆိပ်သောက်သေရင်ကောင်းမလား

ကြိုးဆွဲချသေရင်ကောင်းမလား

တိုက်အပေါ်ဆုံးထပ်က ခုန်ချရကောင်းမလား

ရေထဲဆင်းသေရင်ကောင်းမလား

ကားအောက်ခေါင်းထိုးဝင်ရင်ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား ကောင်းမလား ကောင်းမလား

ကောင်းမလား ကောင်းမလား

ကောင်းမလား

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

30-5-2013

 

 

(အရှိ မှန် ကိုအသိဥာဏ်နှင့်ယှဉ်၍ဖတ်ပါရန် တောင်းပန်အပ်ပါသည်) 

 

Comment #1

သေသင့်တာ…. ရေမရှိတဲ့ချောင်းမှာနှာခေါင်းဖော်ပြီးသာသေပေါ့….

commentinfo By: shwe sin at Jun 2, 2013
Comment #2

🙁

commentinfo By: ei lay at Jun 2, 2013
Comment #3

သေသင့်တာကြာပေါ့သေလိုက်

commentinfo By: EP at Jun 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment