Professional Authors

စူဠသုဘဒ္ဒါသို့ အသနားခံခြင်း

ငါ့အတွက် မင်းရဲ့အမုန်းတရားတွေက

ကြီးမားလွန်းလှပါတယ်

အခုတော့

်မင်းရဲ့အမုန်းမြူခိုးတွေကြောင့်

ငါ့အိပ်မက်မှာတောင် မင်းပုံရိပ်တွေက

ဝိုးတဝါးနဲ့ မပီပြင်တော့ဘူး

ဒါပေမယ့် ငါသိတယ်

မင်းရဲ့ အမုန်းမျက်လုံးတွေက ငါ့ကို

စိမ်းစိမ်းကားကားနဲ့ စူးစူးရဲရဲ

ကြည့်နေမယ်ဆိုတာ …..

့ငါ့ကို စာနာပါ ညှာတာပါ

ငါတောင်းပန်ပါတယ်

အိပ်မက်ထဲအထိတော့

မင်းရဲ့အမုန်းတွေကို ခေါ်မလာပါနဲ့

ကျေးဇူးပြုပြီး ချန်ထားပစ်ခဲ့ပါ

နောက်ပြီး နှစ်လိုဖွယ်အပြုံးလေး

တစ်ခါလောက် ပြုံးပြပါလား

အမုန်းမြူခိုးတွေကင်းစင်ပြီး

မင်းအပြုံးတွေ

ကြည်လင်တောက်ပနေတဲ့

ငါ့အိပ်မက်လေးကို

တစ်သက်လုံးသိမ်းထားချင်လို့ပါ




In: ကဗျာ Posted By: Date: Jun 1, 2013
Comment #1

nice Thoughts

commentinfo By: ei lay at Jun 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment