Professional Authors

ငါပဲလွမ်းနေပါ့မယ်

သတ္တိမရှိခဲ့သူပါ ကိုကို
ယောင်လို့တောင် ကိုကို့ကို မပြုံးပြမိတာ ငါ့နှလုံးသား အရည်ပျော်သွားမှာစိုးလို့ပါ
တစ်ချက်တောင် စိုက်မကြည့်ခဲ့ဖူးတာ ငါ့နှလုံးသားရပ်တန့်သွားမှာစိုးလို့ပါ
လွမ်းလို့တောင် လှည့်မကြည့်ဖြစ်တာ ငါဆက်မသွားနိုင်တော့မှာ စိုးလို့ပါ
မရင့်ကျက်ခဲ့ပေမယ့် သေလောက်အောင် ငါချစ်တက်ပါတယ်
အနားမှာရှိလဲလွမ်းတယ် ဝေးနေလဲလွမ်းပါတယ် မြင်နေလဲလွမ်းပါတယ် 
ဝန်မခံနိုင်လောက်အောင် မြတ်နိုးမိပါတယ်
မစွန့်လွှတ်ရက်လောက်အောင် နာကျင်မိပါတယ်
မမြင်ဖူးလောက်အောင် ရူးမိပါတယ်
မူလတန်းအောင် တစ်ယောက်တောင် တွက်ချက်နိုင်တဲ့
ငါတို့နှစ်ယောက်ကြားက ကိန်းဂဏန်းတွေ မြင်ရဲ့လားကိုကို
နှုတ်ဆက်ခဲ့ဘူးတဲ့အချိန်မှာ မျက်တောင်တောင် တစ်ချက်မခတ်ခဲ့ဘူးလို့ ပြောတယ်နော်
ငါ့မျက်ရည်တွေကို မမြင်ချင်ပါနဲ့ကိုကို
နင်သွားမယ့်လမ်းမှာ နာကျင်မှုတွေကို လက်ဆောင်ထည့်မပေးခဲ့ချင်ဘူး
ငါပဲလွမ်းနေပါ့မယ် ။ 
In: ကဗျာ Posted By: Date: Jun 1, 2013
Comment #1

ဖတ်သွားပါတယ်
ချစ်သူကိုမပေးတဲ့ စာတစ်စောင်ပေါ့

commentinfo By: မေပျို at Jun 2, 2013
Comment #2

Nice

commentinfo By: ei lay at Jun 2, 2013
Comment #3

:p

commentinfo By: liyonardo at Jun 3, 2013
Comment #4

nice

commentinfo By: liyonardo at Jun 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment