Professional Authors

လူပျိုကြီး

မနက် …
အိပ်ရာထ ၊ မျက်နှာသစ် ၊ သွားတိုက်
အင်း ……..
အဆင်သင့်မရှိတဲ့ မျက်နှာသုတ်ပ၀ါ ။
ညက ရုံးအလုပ်တွေပိ
မနက်ကျ အိပ်ရေးပျက်ဒဏ်ထိ
အစားအသောက် ဖွယ်ဖွယ်ရာရာ နတ်ထိ
ကာဖီတစ်ခွက် အမြန်ဖျော်
တစ်ကြိုက်ထဲနဲ့ ဂွပ်…..
ပေါင်မုန့်နှစ်ချပ် သွပ်…..
အဆင်သင့်တာ ကောက်ဝတ်
ရုံးချိန်အမှီပြေး
မေ့ခဲ့တဲ့ဟာ မေ့
ကျန်ချင်ခဲ့တာ ကျန်
အား ….. ဗိုက်ကဆာသေး ။
ရုံး …
မေ့ကျန်တာတွေက ပြသနာ
အပျိုမက အအိုမချန်ပါ
ယင်းထတဲ့ မျက်နှာနဲ့
ရှေ့နောက်  ၊ ခြေဆုံးခေါင်းဆုံး ငမ်းတာ
ဘယ်မိန်းမမှ ငါ့အပေါ် ဖီးလ် မလာပါ။
နေ့လည် …
ပြသနာက ဆူခံထိ
ခေါက်ရိုးကျိုး ဆိုင်ဟင်းကို 
စိတ်ပျက်လှ၏။
လိုအပ်တာ ဘာလဲ သိပေမယ့်
သတ်တိ ကမရှိ ။
ညနေ …
ရုံးကအပြန် သူငယ်ချင်းနဲ့တွေ့
အိမ်ထောင်ကျ တစ်ကောင် တစ်ဥ ရိုသူမို့
ငါ့ အာဝါဟ ၀ိဝါဟ စနည်းနာ
  ဒီလိုကွ သူငယ်ချင်းရ
မိန်းမဆိုတာ မရခင်က
ဒီလို … ဟိုလို …
အေး  ရပြီးရင်တော့
xxxxx—–+++++=====
ပုကျိ … ပုကျိ … ကွိစိ … ကွိစိ …
ဟိုအတိုင်း …ဒီအတိုင်း …
ဟိုလိုမကောင်း … ဒီလိုမကောင်း …
-==-=—-xx=-++=- ….. ။
အား……………………….
ရပြီ ၊ တော်ပြီ
လူပျိုကြီးပဲကောင်းတယ်။
ည …
ရေမချိုးခင်
အ၀တ်လျှော် ရဦးမယ်
ရေချိုးပြီးရင်
မနက်က စားကြွင်းတွေ ရှင်းရဦးမယ်
အိမ်ထဲမှာ ဟိုဟာလိုတယ်
ဒီဟာလိုတယ်
ရုံးကအလုပ်တွေ ရှိသေးတယ်
ဝါး ….. အိပ်ချင်တယ်။

မနက် …
အိပ်ရာထ ၊ မျက်နှာသစ် ၊ သွားတိုက်
အင်း ……..
အဆင်သင့်မရှိတဲ့ မျက်နှာသုတ်ပ၀ါ ။

In: ကဗျာ Posted By: Date: Jun 1, 2013
Comment #1

😀

commentinfo By: အသဲကွဲမိုး at Jun 1, 2013
Comment #2

Hee…hee…1 yat pyaw chin yee sar htarr…1 nhit pyaw chin main ma u…1 thet lone pyaw chin luu pyo gyi loat tae…:P

commentinfo By: shwezin myatno at Jun 1, 2013
Comment #3

မိုက်တယ်ဗျာ.. 😀

ကျနော်.. ငပေါတောင် တော်တော်လေး သဘောကျသွားပြီ..။ ရယ်လဲရယ်မိတယ်။

😀

(ရစ်လုံး)

commentinfo By: yit lone at Jun 1, 2013
Comment #4

ရစ်လုံးစကား ငှားသုံးပါတယ်ဗျာ…တကယ်မိုက်တယ်

commentinfo By: 13th at Jun 2, 2013
Comment #5

အဟမ်း လူပျိုကြီးပဲကောင်းပါတယ်ရှင့်

commentinfo By: မေပျို at Jun 2, 2013
Comment #6

မှန်လိုက်လေချင်း…..ကဗျာရော အဓိပ်ပယ်ရောခိုက်တယ်…..

commentinfo By: shwe sin at Jun 2, 2013
Comment #7

Yeah…. good

commentinfo By: ရင်ဝှက်ပန်း at Jun 2, 2013
Comment #8

🙂

commentinfo By: ei lay at Jun 2, 2013
Comment #9

နားငြီးမှာထက်စာရင်ဒီလိုလေးပဲကောင်းတယ်လူပျိုကြီးရေ

commentinfo By: EP at Jun 3, 2013
Comment #10

ရှယ် ပဲ

commentinfo By: zawthetoo at Jun 3, 2013
Comment #11

အားလုံးကိုကျေးဇူးတင်ပါတယ်။

commentinfo By: Blueskymoe at Jun 4, 2013
Comment #12

နာမည်ပြောင်းချင်တိုင်းပြောင်းးလို့မရပါ။
:P့

commentinfo By: ei lay at Jun 4, 2013
Comment #13

နာမည်ပြောင်း ချင်တိုင်းပြောင်းးလို့မရပါ။
:P့

commentinfo By: ei lay at Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment