Professional Authors

ငါ့အတွက်ဆို ……………နင့်မှာ………

ငါ့အတွက်ဆို နင့်မှာ အားချိန်မဲ့……အမြဲ စာတွေနဲ့ အလုပ်ရှုပ်နေတတ်တယ်……။

ငါ့အတွက်ဆို နင့်မှာ နားချိန်မဲ့………..အလုပ်တွေကိုသာ ကြိုးစားပြနေတတ်တယ်…..။

ငါ့အတွက်ဆို နင့်မှာ စကားတွေမဲ့…………..အဝေးကို ငေး တွေးချင်ရာတွေ တွေးနေတတ်တယ်…..။

ငါ့အတွက်ဆို နင့်မှာ အကြောင်းအရာမဲ့……..ရောက်တတ်ရာရာကို ခေါင်းစဉ်မဲ့စွာ ငြင်းဆန်နေတတ်တယ်….။

ငါ့အတွက်ဆို နင့်မှာ အတွေးအခေါ်မဲ့…………နင့်အလိုအတိုင်း အခေါ်အပြောတွေ မှားယွင်းစွာ သုံးစွဲတတ်တယ်…။

ငါ့အတွက်ဆို နင့်မှာ စာနာမှုမဲ့….ဥပေက္ခာများစွာနဲ့ ကျင့်သားရစွာ နေထိုင်နေတတ်တယ်….။

ငါ့အတွက်ဆို နင့်မှာ နှလုံးသားမဲ့……အပြစ်သေးသေးလေးကအစ ကြမ်းတမ်းစွာ ပေါက်ကွဲတတ်တယ်…။

ငါ့အတွက်ဆို နင့်မှာ နူးညံ့မှုတွေမဲ့……..ခက်ထန်တဲ့ အမူအကျင့်တွေနဲ့ ပြတ်သားစွာ ရှင်သန်နေတတ်တယ်….။

ငါ့အတွက်ဆို…….နင့်မှာ နားလည်မှု မဲ့တယ်…..
နင့်မှာ ခံစားချက်မဲ့တယ်….. နင့်မှာ ကြင်နာမှုမဲ့တယ်……
………….. …………   ……
ငါ့အတွက်ဆို ……………နင့်မှာ……….………… ပြောမကုန်နိုင်တဲ့ ဖွင့်ဆိုချက်တို့ မဲ့နေတတ်တယ်………။

ကေသရီ

In: ကဗျာ Posted By: Date: May 30, 2013
Comment #1

ငါအတွက်ဆို နင့်မှာ အကြွေးတွေ နဲ့ ပါ ထည်ရေးလိုက်ပါ လားကွာ

အားပေးနေပါတယ်

commentinfo By: shinelalin at May 30, 2013
Comment #2

ဖတ်သွားပါတယ် အစ်မ

commentinfo By: မေပျို at May 30, 2013
Comment #3

ငါ့အတွက်ဆို ..နင့်မှာ…အချစ် မှ မရှိ တတ် ခဲ့တာ…. :'(

commentinfo By: အသဲကွဲမိုး at May 31, 2013
Comment #4

ငါ့အတွက်ဆို………………….အီးးးးးးးးးးးငိုချင်တယ်
ဘယ်သူမှမချစ်လို့…

commentinfo By: poem.poem28 at May 31, 2013
Comment #5

ငါ့အတွက်ဆို နင့်မှာ…… ဘာလိုခံစားချက်မျိုးမှရှိမနေတာ….

commentinfo By: နွေ at Jun 1, 2013
Comment #6

တိုက်ဆိုင်လိုက်တာ

commentinfo By: Blueskymoe at Jun 1, 2013
Comment #7

ဟုတ်တယ်
သူ့မှာ ဘာခံစားချက်မှ မ၇ှိခဲ့တာ 🙂
ကျေးဇူး
အားပေးကြလို့ ပျော်တယ်

commentinfo By: ကေသရီ at Jun 1, 2013
Comment #8

တိုက်ဆိုင်လိုက်တာ
ငါ့အတွက်ဆို နင့်မှာ နှလုံးသားမဲ့…ဥပေက္ခာများစွာနဲ့ ကျင့်သားရစွာ နေထိုင်နေတတ်တယ်…

ဝမ်းနည်းရတယ်ဗျာ

commentinfo By: winkokonaing at Jun 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment