Professional Authors

လိပ်ပြာလေးရေ

ကျေးဇူးပါ
ကမ္ဘာ့အချိုဆုံးဝတ်မှုန်တွေအတွက်
ဖူးပွင့်နေတဲ့ပန်းလေးတွေအတွက်
ပြည့်စုံလှပသွားတဲ့ ပန်းချီကားအတွက်

ပန်းတစ်ပွင့်ကနေ ပန်းတစ်ပွင့်
ကူးလူးပျံသန်း ပင်ပန်းနေရောပေါ့

သင့်မှာ လှပတဲ့ရောင်စုံတောင်ပံလေးတွေ
ရှိမှန်းသိပါတယ်
ဒါပေမယ့် စွန်ရဲတစ်ကောင်လောက်တော့
ဘယ်လိုမြန်မြန် ပျံနိုင်မှာလဲ
သင့်မှာနူးညံ့တဲ့ ဦးမှင်လေးတွေ
ရှိမှန်းသိပါတယ်
ဒါပေမယ့် ရှိရှိသမျှပန်းအားလုံးကိုတော့
ဘယ်လိုပွင့်စေနိုင်မှာလဲ

ဒါကြောင့်
ပွင့်ချပ်တွေပိတ် ပန်းလေးအိပ်တဲ့အချိန်မှာ
ငြိမ်ငြိမ်လေးအနားယူပါတော့ကွယ်….

In: ကဗျာ Posted By: Date: May 30, 2013
Comment #1

နားထာင်ပါ့မယ်

commentinfo By: shinelalin at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment