Professional Authors

ရင်တွေစိုတဲ့ည

မနေ့ညက

ငါ့ရင်တွေစိုနေခဲ့တယ်

ငိုနေပြန်ပြီလား ချစ်သူ….

 

နင်ငိုရမယ်မှန်းသိရင်

အတူရှိခဲ့တဲ့နေ့တွေမှာ

အမှတ်တရတွေ မခြွေချခဲ့ပါဘူး….

 

နင်ငိုရမယ်မှန်းသိရင်

ဝမ်းနည်းမှုတိုင်းမှာ

ငါ့ရင်ခွင်ကိုသတိရအောင်

ပင်ပန်းမှုတိုင်းမှာ

ငါ့ပုခုံးတစ်ဖက်ကိုသတိရအောင်

ရှုံးနိမ့်မှုတိုင်းမှာ

င့ါနှစ်သိမ့်မှုကို သတိရအောင်

မလေ့ကျင့်ပေးခဲ့ပါဘူး…..

 

နင်ငိုရမယ်မှန်းသိရင်

နှလုံးသားချင်းလဲလှယ်

မခွဲရက်နိုင်အောင်လည်း

မချစ်စေခဲ့ပါဘူး…..

 

နင်ငိုရမယ်မှန်းသိရင်

တစ်ဖက်သတ်နဲ့

တိတ်တခိုးချစ်သူဘဝမှာပဲ

ငါ့ခြေလှမ်းတွေကို

ရပ်တန့်ခဲ့မှာပါ……

In: ကဗျာ Posted By: Date: May 28, 2013
Comment #1

မျက်ရည်ဆိုတာ နက်ရှိုင်းတဲ့ သင်္ကေတ တစ်ခုပါ

commentinfo By: မေပျို at May 28, 2013
Comment #2

“မနေ့ညက

ငါ့ရင်တွေစိုနေခဲ့တယ်

ငိုနေပြန်ပြီလား ချစ်သူ”

အရမ်းထိတယ်

commentinfo By: ကြက်ခြေခတ် X at May 29, 2013
Comment #3

တကယ်ထိတယ်။

commentinfo By: အရိပ် at May 29, 2013
Comment #4

ငို၇မယ့်သူက U ဖြစ်နေ၇င်ေ၇ာ……..

commentinfo By: Blueskymoe at May 29, 2013
Comment #5

🙂

commentinfo By: niaallin at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment