Professional Authors

ပန်းတစ်ပွင့် ရဲ့ အတ္တုပ္ပတိ

အိမ်မက်တစ်ခု…
အရာရား ဟာ…
သူ့ ၀ိညဉ်နဲ့သူ…
အစီအစဉ်တကျပါဘဲ…

လေးလွင့်သွာတဲ့..
ခြေရာတွေ ပြန်ရေတွက်ရင်…
အရုပ်ကြိုးပြတ်ခဲ့တဲ့ညတွေ…
ယမ်းငွေ့တွေ တလူလူနဲ့..
နွေအိမ်မက် တေစ္ဆခြောက်နေသလိုပါဘဲ..

ဒါပေသည့်…
သူရဲ့စိတ် အလျှင်ဟာ..ရိုးသားခဲ့တယ်..
သူရဲ့ သစ္စာတရား ဟာ ခိုင်မြဲခဲ့တယ်….

ဝဲဘက်ရင်အုံးထဲက..
နှလုံးသားကို ထုတ်…
ငါတို့အတွက်..သမိုင်းကို..
ထုဆစ်ပြခဲ့တယ်…..

အနောက်ဖက် ဒေသ…
အရေးအခင်း…
ဥရောပရဲ့…မြန်မာဆိုတဲ့…
ကြွေးကြော်မှု…
ကံတရားလို့..ခင်ဗျားပြောရင်….
ကျွန်တော် ဘယ်ဘာသာမှ
ကိုယ်ကွယ်မိမယ်မထင်ဘူး….

ရဲရဲတောက် ဒို့ဗမာတွေရဲ့..
ပိုပြီး ရဲရဲတောက် တဲ့မျိုးဆက်….
စွန့်လွှတ်ရဲ တဲ့ ဒို့ဗမာတွေအတွက်..
ပို ပြီး စွန့်လွှတ်ရဲတဲ့ မျိုးဆက်..
သတ္တိပြောင်တဲ့ ဒို့ ဗမာတွေအတွက်..
ပိုပြီး သတ္တိ ရှိပြခဲ့ တဲ့ မျိုးဆက်…..

သူ့ ရှိမှာ ….ဟန်ဆောင်ခြင်းတွေမရှိဘူး..
သူ့ ရှိမှာ ….လူမျိုးအစွဲတွေ မရှိဘူး..
သူ့ ရှိမှာ ….တစ်ယူသန်ဝါဒ မရှိဘူး….
သူ့ ရှိမှာ ….”ငါ” ဆိုတဲ့ သက္ကာရဒိထ္တိ မရှိဘူး…

ပန်းတစ်ပွင့် ရဲ့ အတ္တုပ္ပတိလို…

ခွပ်ဒေါင်းတို့ ရဲ့ မိခင်…(တစ်နည်း..)

ပန်းတစ်ပွင့် ရဲ့ အတ္တုပ္ပတိလိုပေါ့….

(မောင် အတီး)

In: ကဗျာ Posted By: Date: May 28, 2013
Comment #1

ကျွန်တော် နှစ်သက်လွန်းစွာ ဖတ်သွားပါတယ်
လေးစားမိကြောင်းပါ

commentinfo By: အသဲကွဲမိုး at May 28, 2013
Comment #2

အတိတ်ကို ပြန်မြင်ယောင်မိပါသည်။ ပုံဖော်မှုအားကောင်းခြင်းကို လေးစားပါတယ်

commentinfo By: အရိပ် at May 28, 2013
Comment #3

🙂

commentinfo By: ei lay at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment