Professional Authors

အမေ

အမိုးမလုံပေမယ့်

သားတို့ကို

နေတစ်ပြောက်မထိုးအောင်

မိုးတစ်ပေါက်မစင်အောင်

ဘယ်လိုစောင့်ရှောက်ခဲ့လဲအမေ

 

သေးငယ်သောခန္ဓာဖြင့်

သားတို့ဆီ

ဆာလောင်ခြင်း

ဝမ်းနည်းခြင်း

သိမ်ငယ်ခြင်းများမရောက်အောင်

ဘယ်လိုကာကွယ်ခဲ့လဲအမေ

 

ရွက်မရှိလို့

တက်နဲ့လှော်

ဘယ်လောက်များပင်ပန်းခဲ့လဲအမေ

 

အသည်းမှာဓားစိုက်သလို

နာကျင်မှုမျိုးနဲ့

သားတို့မသိအောင် ရှိုက်ပြီးငို

ဘယ်လိုဝမ်းနည်းမှုမျိုးလဲအမေ

 

ယိုင်လဲမယ်ကြံတိုင်း

ပခုံးပေါ်ရောက်လာတဲ့ အမေ့လက်

အားတက်လိုက်တာအမေ

 

သားတို့ကို

ထမင်းခွံ့တဲ့အမေ့လက်

အမေ့ပါးစပ်ဆီလဲမရောက်ပါလားအမေ

 

အမေ့ဘဝသည်

သားတို့အတွက်တဲ့

ဘယ်လိုချစ်ခြင်းမျိုးလည်းအမေ

 

တိတ်တဆိတ်

အိပ်လျက်နဲ့ထွက်ခွါ

ခဏလောက်နေပါဦးလားအမေ

 

အမေ့ရဲ့အိပ်ရာဝင်ပုံပြင်ထဲ

လူတွေသေရင်

ကြယ်လေးတွေဖြစ်တယ်ဆို

ကောင်းကင်ရဲ့ဘယ်နားလေးမှာလဲအမေ

 

ကြွေကျခဲ့တဲ့ကြယ်လေးတွေ

ဘယ်များရောက်ကုန်သလဲ

အချို့ကပင်လယ်ထဲကျ

ကမာထဲက ပုလဲလုံးလေတွေဖြစ်လို့

အချို့ကမြေကြီးထဲကျ

ရတနာမြတွေဖြစ်လို့

ပုလဲကျက်သရေ

မြကအေးချမ်းစေတယ်

ဒီနဝရတ်နှစ်ပါးလို

ကျက်သရေရှိပြီး အေးချမ်းတဲ့

အမေ့ရုပ်ရည်

ရည်မှန်းရှိခိုးခွင့် ပေးပါလားအမေ……

 

In: ကဗျာ Posted By: Date: May 28, 2013
Comment #1

အေးအေးသား။ ကောင်းပါတယ် အရမ်း။ အဖေ့ ကိုသတိရဦး

commentinfo By: shinelalin at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment