Professional Authors

ပြန်ဆုံမယ့်နေ့

လမင်းနဲ့မိတ်ဖွဲ့

ချစ်သူဘက်

မျက်နှာလှည့်ခိုင်းမယ်

ကြေးမုံလိုအရိပ်ထင်

သိပ်မြင်ချင်တဲ့မျက်နှာလေး

လရောင်နဲ့ ပျော်မြူး

မော်ဖူးပါရစေ…

မိုင်  အနန္တခြားလည်း

ရင်  သယံဇာတအချစ်ကြောင့်

သူ့  တစ်ရံတစ်ခါမျက်ဝန်း

ခု   အဖန်တစ်ရာမြင်ယောင်တာ

ခက်လွန်းလှတယ်….

လွမ်းလိုက်တာမောင်ရယ်

တေးလိပ်ပြာသောင်ယံ

လှ  ဆန်းကြယ်လည်း

တ  အလွမ်းရယ်လွှမ်းမိုး

အရမ်းဆိုးတဲ့နေ့တွေပေါ့…..

တစ်လသည် တစ်ဘဝ

တစ်ရက်သည် တစ်သက်

နာရီတွေ ငြိမ်သက်

မိနစ်တွေ အိပ်လျှက်

စက္ကန့်တွေ ရပ်တန့်ပြီလား….

ကြိုတွေးရင် ရင်ခုန်

လိုသေးတော့ စိတ်ကုန်ရတယ်

သိပ်ဆုံချင်ပြီ ချစ်သူရယ်……

In: ကဗျာ Posted By: Date: May 27, 2013
Comment #1

ဘာပဲ ဖြစ် ဖြစ် တစ်မျိုးဆန်းတယ်။ ကဗျာလေးက ချစ်စရာ ကောင်းတယ်ပေါ့ဗျာာာ။ အားပေးသွားးတယ်

commentinfo By: အရိပ် at May 27, 2013
Comment #2

နှလုံးသားနှင့်ခံစားသွားပါသည်

commentinfo By: ei lay at May 27, 2013
Comment #3

ဖတ်ရှုခံစားပေးတဲ့သူတွေကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..

commentinfo By: niaallin at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment