Professional Authors

စုနိုင်….သို့

သူများအတွက်ပဲ ကဗျာတွေရေးတတ်တဲ့ သူ
ကိုယ့်အတွက်ကိုရေးတဲ့ကဗျာတိုင်းကတော့
လောကကြီးနဲ့ တစောင်း
လူတွေနဲ့ ဆန့်ကျင်ဘက်
တွေးခေါ်ပုံတွေကလည်းရူးနှမ်းနှမ်
အချစ်ဆိုတာအပေါ်လည်းအယုံအကြည်မရိ
ဘာကိုချစ်ရမယ်မှန်းတောင်ဝေေ၀၀ါးဝါး
အိပ်မက်တွေကို လန့်နေတတ်ပြီး
အဲဒီ့အိပ်မက်တွေကြားမှာပဲ
မျှော်လင့်ချက်တွေတလှေကြီးနဲ့
ပင်ပန်းတကြီးလျှောက်လှမ်းနေမိမှန်းမသိတဲ့သူ
ကိုယ့်ကိုတက်နင်းသွားတဲ့သူတွေကိုတောင်
ပြန်ပြုတ်ကျလာမှာစိုးလို့
ပုခုံးနဲ့ထမ်းတင်ထားတတ်တဲ့သူ
ကိုယ့်ကိုကျော်တက်သွားမယ့်သူကိုတောင်
ခြေလှမ်း ၁၀၀ စာလောက်နောက်ချန်ပေးချင်ပေးတတ်တဲ့
နားလည်ရခက်တဲ့
ခပ်အူအူကောင်မလေးအတွက်
ကိုယ်တိုင်ရေးတဲ့ ကိုယ့်အတွက် ကဗျာ..။

In: ကဗျာ Posted By: Date: May 25, 2013
Comment #1

🙂

commentinfo By: ei lay at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment