Professional Authors

ကဗျာမရေးရ 9su

ခံစားချက်တွေ ရှင်ပြိုင်ဖို့
လူသားအားလုံးကို
မိုက်ကြေး ခွဲ စိန်ခေါ်တယ်
ငါရေးတဲ့ ကဗျာအတွက်
ငါ့သွေး ငါဖောက်
မျှင်အဖြစ်သုံးထားတယ်

မနာကျည်းခဲ့ ဘူး
ပျောက်ဆုံးသွားတဲ့ နှလုံးသားတစ်စုံအတွက်
မရှက်တတ်ခဲ့ ဘူး
မြေခ ခဲ့ တဲ့ယေက်ျားတစ်ယောက်ရဲ့
မျက်ရည်တွေအတွက်
ဒူးထေက်ပေးခဲ့တယ်
အရာရာ မင်းအနိုင်ယူစေဖို့
မရယ်နဲ့
ငါရှိမှာမာနဆိုတာမရှိဘူး
ချစ်တယ် ငါကိုယ်ငါထက်

သွေးနဲရေးပြမှ ယုံမယ်ဆိုတဲ့
မင်းရဲ့ဆန္ဒ္ဒတစ်ခုအတွက်
ဓါးတစ်ချောင်းနဲ့  ဟက်ခနဲ ခွဲ
အား………..
ငါမနာတော့ဘူး
မင်းရဲ့ ပြုံးနေတဲ့ မျက်နှာလေးအတွက်
ငါ့ လက်ညိုးပေါ်က
စီးကျလာတဲ့ သွေးတွေနဲ့
ရေးပြခဲ့ တယ်
        ချစ်တယ်

ချစ်သူရယ်ဒီထက်ပိုပြီးရေးပြချင်တယ်
တကယ်တော့
ချစ်တယ်ဆိုတာ ချစ်သူနှစ်ယောက်အတွက်
သက်မှတ်ထားတဲ့ စကားလုံးပါးပါးလေးတစ်ခု
ငါရဲ့ အချစ်တွေကစကားလုံး
မရှိခဲ့တဲ့ အချစ်တွေပါ

ကာရံမညီဘူး
နှူးညံမပြချင်ဘူး
လိုအပ်ရင်ယူသွား
ငါအသက်နဲ့ ငါနှလုံးသား
ဓါးတစ်ချောင်း အစဉ်သင့်ကိုင်ထားတယ်

ဟေ့…..နောင်လာနောင်သား
သေရဲ ချစ်ရဲ   မှ
ကဗျာရေး
ညာတာပါတေး ချစ်သူကိုညာမရေးနဲ့
အမှန်တရား အတွက်
ငါကိုင်ထားတဲ့ ဓါး မင်းတို့ အတွက်ဖြစ်သွားမယ်

In: ကဗျာ Posted By: Date: May 24, 2013
Comment #1

Woweeee
excellent strong powerful creation

commentinfo By: ei lay at May 25, 2013
Comment #2

ဖတ်သွားပါတယ်

commentinfo By: မေပျို at May 25, 2013
Comment #3

ရင်တွင်မြတ်နိုးတိတ်တခိုးနဲ့ စွဲလမ်းမိလို့တိတ်တစိတ်ပဲမြတ်နိုးနေမယ် baby ရယ်…..
မင်းရဲ့ မျက်နှာလမင်းပမာဖြူစင်ဝင်းပတောက်ပမျက်လုံးပြုံးရွင်ကြည့်လဲ့နှုတ်ခမ်းလွှာကဖွင့်ဟပြောပါလား..
ကောင်မလေး ရယ်…………

commentinfo By: sotay1500 at May 25, 2013
Comment #4

အချစ်ဆိုတာရေခဲချောင်းသည်ပဲ….

commentinfo By: sotay1500 at May 25, 2013
Comment #5

poem lay ko kyauk lal kyauk chit lal chit pr t…^^

commentinfo By: shwezin myatno at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment