Professional Authors

ဂျုံးဂျုံးမြည်သံ

ဘ၀လိုပဲ ရွေးချယ်ခွင့်သိပ်မရှိ။
လက်မှတ်ကျရာ ခုံမှာထိုင်ပါ။
ကိုယ့်စီးမယ့်တွဲဟာ အထက်တန်းလား၊ရိုးရိုးတန်းလား
ကွဲကွဲပြားပြားခြားခြားနားနားသိဖို့တော့လိုလိမ့်မယ်။

ဟိုး..ရှေ့ခုန်က ရွှေမင်းသမီးရဲ့အိမ်ပြန်ခရီးကစိုပြေနေပါလိမ့်မယ်။
ဂျုံးဂျုံးမြည်သံကြားထဲက ဘ၀များကတော့
ယိုင်နဲနဲ နှင့်ခရီးဆက်နေပါလိမ့်မယ်။
ဈေးသည်လည်း ဈေးသည်လို
အတက် အဆင်းသတိပြုပါ။
ရွှေမင်းသမီးလည်း ရွှေမင်းသမီးလို
အတက်အဆင်း သတိပြုပါ။
ကိုယ်ကိုယ့်ကိုယ်လည်း
တက်နေတာလား
ဆင်းနေတာလားဆိုတာ
သတိပြုပါ။
ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ…….။

ဥသြဆွဲသံက ခရီးဆုံးခါနီးလေ ပိုမိုကျယ်လောင်လာလေပဲ..။

(အငွေ့)
၆.၃.၂၀၀၇ နေပြည်တော်-ရန်ကုန် ရထားပေါ်တွင်ရေးသည်။

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

အရမ်းကောင်းတာပဲ အငွေ့ရေ ကြိုက်တယ်

ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ…….။ တဲ့လား

ဟုတ်တယ်နော် စဉ်းစားစရာပဲ

အဲဒီနေရာလေးက အတွေးတွေ အများကြီးပေးသွားတယ်..

commentinfo By: favourite2me at Jun 22, 2010
Comment #2

ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ…….။

အကြိုက်ဆုံးပဲဗျာ

commentinfo By: MyoZin at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment